၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်၊ စနေနေ့တွင် နံနက် (၁၀:၃၀) မှ (၄:၃၀) ထိ AT&S (Overseas Education Services ) အဆောင် (၅)၊ အခန်း-၄ ၊ MICT Park၊ လှိုင် တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ် တွင် ပြုလုပ်မည် ဖြစ်ပါသည်။
စင်ကာပူနိုင်ငံ PSB Academy တွင် တက်ရောက်ပြီး သြစတြေးလျနှင့် အင်္ဂလန် ထိပ်တန်းတက္ကသိုလ်ကြီးများ ဖြစ်သော University of Newcastle၊ Edith Cowan University၊ University of Wollongong၊ La Trobe University၊ Coventry University၊ Edinburgh Napier University တို့မှ ဒီပလိုမာ၊ ဘွဲ့ဒီဂရီ နှင့် မာစတာဘွဲ့လွန် ဒီဂရီများကို ရယူနိုင်သည့်အကြောင်းကိုလည်း ရှင်းလင်း ပြောကြားပေးမည်ဖြစ်ပါသည်။
PSB Academy တွင် ရွေးချယ်တက်ရောက်နိုင်သည့် စီးပွားရေးနှင့်စီမံခန့်ခွဲရေး၊ စာရင်းအင်းနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာ၊ လျှပ်စစ် အင်ဂျင်နီယာ နည်းပညာ၊ စက်မှု အင်ဂျင်နီယာ နည်းပညာနှင့် ဇီဝဆေးသိပ္ပံ ဘာသာရပ်များ အကြောင်း၊ ကျောင်းဝင်ခွင့်၊ ကျောင်းဖွင့်ချိန်၊ ကုန်ကျစရိတ်နှင့် ပညာသင်ဆု အကြောင်းတို့ကို တစ်ဦးချင်း အသေးစိတ် ဆွေးနွေးပေးမည်ဖြစ်ပါသည်။
အိုင်တီနည်းပညာနှင့် စက်မှုနည်းပညာ လုပ်ငန်းများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးသောအနေဖြင့် PSB Singapore သည် အိုင်တီနှင့် အင်ဂျင်နီယာ ဘာသာရပ်ကို တက်ရောက် လိုသော ကျောင်းသူများ အတွက် Rebate အနေဖြင့် စင်ကာပူဒေါ်လာ၂၀၀၀ ပေးအပ်မည် ဖြစ်သည်။
ထို့အပြင်၂၀၁၉ ပညာသင်နှစ်များအတွက် ကျောင်းလျှောက်ထားပါက Study Grant စင်ကာပူဒေါ်လာ ၅၀၀ မှ ၃၀၀၀ထိ ကို ရရှိနိုင်မည်ဖြစ်ပါသည်။
၁၀ တန်းအောင်မြင်ထားသူများနှင့် IGCSE ပြီးထားသူများသည် Foundation နှင့် ဒီပလိုမာတန်းသို့ အဆင့်ဆင် တက်ရောက်ရပါမည်။ ဘွဲ့ဒီဂရီတန်းအတွက် မိမိရွေးချယ်သော ဘာသာရပ်အပေါ် မူတည်၍ ၁၆ လ မှ ၃၆ လ အတွင်းတက်ရောက် ရယူနိုင်ပါသည်။
HND Diploma (Engineering, Computing/IT နှင့် Business) ပြီးဆုံးသူများ အနေဖြင့် Coventry University ၏ ဘွဲ့ဒီဂရီတန်းများကို ၁၆ လခန့် တိုက်ရိုက်တက်ရောက်ပြီး ဘွဲ့ဒီဂရီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုတွင်း ရယူနိုင်မည်ဖြစ်ပါသည်။
မာစတာ တက်ရောက်လိုသူများသည် University of Newcastle မှ ပေးအပ်မည့် စီပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA)၊ Edinburgh Napier University မှ ပေးအပ်မည့် စီးပွားရေးမဟာသိပ္ပံဘွဲ့ (MSc Business Management) ဘာသာရပ်ကို အချိန်တိုတွင်း တက်ရောက်ရယူနိုင်မည်ဖြစ်ပါသည်။
ထို့ပြင် အင်ဂျင်နီယာဘွဲ့ဒီဂရီရရှိပြီး စီးပွားရေး စီမံခန့်ခွဲမှုဘာသာရပ် သင်ကြားလိုသူများ အတွက် အထူးသင့်လျော်သော Master of Science in Engineering Business Management ဘာသာရပ်ကို အင်္ဂလန်နိုင်ငံမှ ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်သော Coventry University တွင် တက်ရောက်နိုင်ပြီဖြစ်သည်။
ကျောင်းလျှောက်ထားလိုသူများသည် ဆွေးနွေးပွဲနေ့တွင် မိမိတို့၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများကို တစ်ပါတည်း ယူဆောင်လာကာ ကျောင်းလျှောက်ပါက စင်ကာပူ အသွား လေယာဉ် လက်မှတ်ရရှိမည် ဖြစ်ပါသည်။
PSB Academy သည် စင်ကာပူနိုင်ငံ၏ အကောင်းဆုံး ပုဂ္ဂလိကကျောင်းများထဲတွင် အပါအ၀င်ဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိ ကျောင်းကြီးဖြစ်ပါသည်။ စင်ကာပူအစိုးရမှ ပေးအပ်သော Edu Trust လက်မှတ်ကိုလည်း ၄ နှစ်စာ ရရှိထားပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်း - (၀၁-၆၅၂၃၂၀၊ ၀၉-၇၇၇၂၂၃၂၂၅) သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။