ပညာရေးကောလိပ်များကို ဒီဂရီကောလိပ်များ အဆင့်သို့ တိုးမြှင့်လိုက်ပြီဖြစ်သည့်အတွက် မူလတန်းပြနှင့် အလယ်တန်းပြများကို တစ်ပြိုင်နက်တည်း မွေးထုတ်နိုင်တော့မည်ဖြစ်

ပညာရေးကောလိပ်များကို ဒီဂရီကောလိပ်များ အဆင့်သို့ တိုးမြှင့်လိုက်ပြီဖြစ်သည့်အတွက် မူလတန်းပြနှင့် အလယ်တန်းပြများကို တစ်ပြိုင်နက်တည်း မွေးထုတ်နိုင်တော့မည်ဖြစ်

အဆင့်တိုးမြှင့်သွားပြီဖြစ်သည့်အတွက် သင်တန်းသား အရေအတွက်၊ သင်တန်း အမျိုးအစားများကို လည်း ထပ်မံ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးကိုလည်း ရေး ဆွဲတင်ပြထားကြောင်း ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။

ကောလိပ်ကနေ ဒီဂရီကောလိပ်အဆင့်ထိ တိုးမြှင့်လိုက်ပြီဆို တော့ လာမယ့်နှစ်မှာ ဘွဲ့ပေးနိုင်ရေး အတွက် အခုကတည်းက ပြင်ဆင်နေပါပြီ။

၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလမှာ စဖွင့် တော့ဆိုရင် အားလုံးမဟုတ်တောင် လည်နိုင်ပတ်နိုင်တဲ့ အနေအထားရအောင် လုပ်နေပါတယ်။

တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးမှ ကောလိပ်တွေကနေ မူပြရော၊ လယ်ပြရော
မွေးထုတ်ဖို့အတွက် ရည်မှန်းထားပါသည်။

ပညာရေးကောလိပ်များကို ဒီဂရီအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပြီဖြစ်သည့်အတွက် လာမည့်တက္ကသိုလ် ၀င်ခွင့်လျှောက်ထားသည့် အချိန်တွင် ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးကောလိပ်များသို့ လျှောက်ထားမည်ဆိုပါက ပညာရေးကောလိပ် များမှ သီးခြားကြေညာသည့် အချိန်ထိ စောင့်ဆိုင်းရန် မလိုတော့ဘဲ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။

နောက်နှစ်ကိုတော့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာထည့်ပြီးခေါ်နိုင်ဖို့အတွက်ကိုတော့ ရည်မှန်းထားပါသည်။

လာမည့်နှစ်တွင် ပညာရေးကောလိပ်များတွင် သင်တန်းသား၊ သင်တန်းသူလက်ခံရာတွင်
လည်း တိုးမြှင့်လက်ခံနိုင်ရေး၊ ကောလိပ် များတွင် အလယ်တန်းပြနှင့် မူလ တန်းပြနှစ်မျိုးစလုံး မွေးထုတ်နိုင်ရေး အစီအစဉ်များကိုတင်ပြထားပါသည်။

တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၃ခု တွင် ယခုနှစ်တက္ကသိုလ် ၀င်တန်းအောင်မြင်သူ ၆၀၀၀ ခန့်ကို ၀င်ခွင့်ပေးခဲ့ကြောင်း၊ ဒုတိယနှစ် သင်တန်းတွင်လည်း ကျောင်းသား၊ ကျောင်းသူ ၅၀၀၀ ကျော်ရှိနေပါသည်။

Source: democracy today

Government School Read 10154 times