လာမည့်နှစ်မှစတင်ကာ ပညာရေးကောလိပ်သင်တန်းများကို ကောလိပ်အလိုက် ခေါ်ယူတော့မည်မဟုတ်ဟုဆို

လာမည့်နှစ်မှစတင်ကာ ပညာရေးကောလိပ်သင်တန်းများကို ကောလိပ်အလိုက် ခေါ်ယူတော့မည်မဟုတ်ဟုဆို

ယခုနှစ်တွင် ခေါ်ယူထားသော လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာဒီပလိုမာ သင်တန်းသည် နောက်ဆုံးဖြစ်ပြီး လာမည့်နှစ်မှစတင်ကာ ပညာရေးကောလိပ် သင်တန်းများကို ကောလိပ် အလိုက် ခေါ်ယူတော့မည် ဖြစ်သည်။

ယခုနှစ်အထိ ပညာရေးကောလိပ်ဝင်ခွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရှိသော ပညာရေးကောလိပ်များ၏ ၀င်ဆံ့အင်အားနှင့် မြို့နယ်အလိုက် ကျောင်းသား/သူ ဦးရေများအပေါ် တွက်ချက်ပြီး နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာကာ ကောလိပ်အလိုက် လျှောက်ထားပြီး ၀င်ခွင့်ပေးခဲ့သည်။

လာမည့်နှစ်တွင် ကောလိပ်အလိုက် ၀င်ခွင့်ပေးသည့်ပုံစံအစား တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်းခေါ်ယူပြီး သတ်မှတ်ထားသော မူများဖြင့် ရွေးချယ် ၀င်ခွင့်ပေးမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

"ဒီနှစ်ခေါ်ထားတဲ့ အသုတ်က နောက်ဆုံးအသုတ်ပဲ။ လာမယ့်နှစ်မှာက လေးနှစ်သင်အတွက်ပဲ ခေါ်တော့မှာ။ စဉ်းစားထားတာကတော့ ခေါ်ရင် တက္ကသိုလ်လမ်းညွှန်မှာ ထည့်ပြီး ခေါ်လိုက်တော့မှာ။ သတ်မှတ်မယ့်မူကတော့ အမှတ်ကိုလည်း ကြည့်မယ့် လျှောက်တဲ့အနေအထား၊ ဘာသာရပ်တွေကို ကြည့်ပြီး ကျား/မ အချိုးတွက် ခေါ်ရမှာ" ဟုပြောသည်။

လက်ရှိ ပညာရေးကောလိပ်များတွင် ၂၀၁၇ ခုနှစ်က ခေါ်ယူခဲ့သော လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာ သင်တန်းများ တက်ရောက်နေပြီး ယင်းတို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ တွင် သင်တန်းဆင်းမည် ဖြစ်သည်။

ယခုနှစ်တွင် ခေါ်ယူထားခဲ့သော သူများသည် ၂၀၂၀ ဒီဇင်ဘာတွင် သင်တန်းဆင်းမည်။

၂၀၁၉ ခုနှစ်တွင် ခေါ်ယူမည့် ၄ နှစ် သင်များသည် ၂၀၂၃ ခုနှစ်မှသာ သင်တန်းဆင်းမည် ဖြစ်သည့်အတွက် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် သင်တန်းဆင်းများ မရှိတော့ကြောင်း သိရသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 18960 times