အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာနှင့်လေ့ကျင့်ရေးဌာနအောက်ရှိ ပညာရေးကောလိပ်များတွင် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော ပါရဂူဘွဲ့ရ တွဲဖက်ပါမောက္ခများကို ခန့်ထားမည်ဖြစ်သည်။
(မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထ၀ီ၊ သမိုင်း) ဘာသာရပ်များတွင် တာဝန်ထမ်းဆောင်နေသော တွဲဖက်ပါမောက္ခများအနေဖြင့် ပါမောက္ခများအနေဖြင့်ပါဖောမန့်(သို့မဟုတ်) သုတေသနစာတမ်းတို့နှင့် အတူရာထူးတိုး လျှောက်ထားနိုင်ကြောင်း ဆရာအတတ်နှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
ကျောင်းအုပ်ရာထူးနေရာများအတွက် ရာထူးတိုးတင်ပြလာသော တွဲဖတ်ပါမောက္ခများကို ယခု ၁၈ ရက်တွင် အင်္ဂလိပ်စာအိုင်စီတီ စာမေးပွဲတစ်ခု ဖြေဆိုစေမည် ဖြစ်သည်။
လက်ရှိတွင် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များမှ ရာထူးတိုးလျှောက်ထားလာသည့် တွဲဖက်ပါမောက္ခမှာ ၄၇ ဦးရှိပြီး ပညာရေးကောလိပ်များမှ ဒုတိယကျောင်းအုပ်မှ ရာထူးတိုးတင်ပြထားသူ ၁၀ ဦးရှိသည်။
လက်ရှိတွင် မိတ္ထီလာပညာရေးကောလိပ်နှင့် မုံရွာပညာရေးကောလိပ်တို့တွင် ကျောင်းအုပ်နှင့် ဒုတိယကျောင်းအုပ်များ လုံးဝမရှိကြောင်းသိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: democracy