ပညာရေးကောလိပ်များကို ၂ နှစ် သင်မှ လေးနှစ်သင်ပညာရေး ဒီဂရီ ကောလိပ်များအဖြစ် အဆင့်တိုး မြှင့်မှုကို ၂၀၁၉ မှသာ စတင်နိုင် ဖွယ်ရှိပြီး အသုံးပြုမည့် သင်ရိုး ညွှန်းတမ်းသစ်များကို ပညာရေးကောလိပ်ငါးခုတွင် Pilot Project အဖြစ် ၂၀၁၈ မကုန်မီ စမ်းသပ် သင်ကြားမည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။
မြန်မာနိုင်ငံရှိ ပညာရေး ကောလိပ်များကို ပညာရေးဒီဂရီ ကောလိပ်များအဖြစ် အဆင့်တိုး မြှင့်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီး ဌာနက စီစဉ်နေပြီး အဆိုပါ ဒီဂရီ ကောလိပ်များတွင် အသုံးပြုမည့် သင်ရိုးညွှန်းတမ်းသစ်များကို ရေး ဆွဲနေသည်။
ထိုသင်ရိုးညွှန်းတမ်း အသစ်များကို ရန်ကင်းပညာရေး ကောလိပ်၊ မန္တလေးပညာရေး ကောလိပ်၊ ပုသိမ်ပညာရေးကော လိပ်၊ တောင်ငူပညာရေးကော လိပ်၊ လားရှိုးပညာရေးကောလိပ် တို့တွင် Pilot Project အဖြစ် စမ်းသပ်သင်ကြားမည်ဖြစ်သည်။
‘‘ဒီနှစ်တော့ ပညာရေးဒီဂရီ ကောလိပ် အဆင့်တိုးတာက မစ နိုင်သေးဘူး။ သင်ရိုးတွေတော့ ဒီနှစ်ထဲမှာ Pilot အနေနဲ့ စသင်ဖို့ စီစဉ်နေတယ်။ အခု Textbook တွေရေးနေပြီ။ ရန်ကင်း၊ မန္တလေး၊ ပုသိမ်၊ တောင်ငူ၊ လားရှိုး ပညာ ရေးကောလိပ်တွေကို Pilot Project လုပ်ဖို့ လျာထားတယ်’’ဟု ဒေါက်တာအောင်အောင်မင်းက ပြောသည်။
သင်ရိုးညွှန်းတမ်းအသစ်များ ကို UNESCO STEM Project (Strengthening Pre-Service Teacher Education in Mya-nmar)နှင့် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များရှိ ပညာ ရှင်များပူးပေါင်းပြီး ဆရာအတတ် ပညာတတ်ကျွမ်းမှု စံသတ်မှတ် ချက် အညွှန်းဘောင်ကို အခြေခံ ရေးဆွဲထားသည်ဟုဆိုသည်။
ပညာရေးဒီဂရီကောလိပ်အ ဖြစ် အဆင့်တိုးမြှင့်ပြီးပါက လေး နှစ်တက်ရောက်ရမည့် ပညာရေး ဘွဲ့သင်တန်းများ ဖွင့်လှစ်သင် ကြားမည်ဖြစ်ပြီး ဘွဲ့ရရှိပြီးပါက ရာထူးတိုး အခွင့်အလမ်း ပိုမိုရရှိ နိုင်သည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဇူလိုင် ၆ ရက်၌ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့တွင် ကျောင်းအုပ် ကြီးများနှင့် တွေ့ဆုံစဉ်ပြောကြား သည်။
တစ်နိုင်ငံလုံးတွင် ပညာရေး ကောလိပ် ၂၅ ခုရှိပြီး တက္ကသိုလ် ဝင်တန်းအောင်မြင်ပါကပညာရေး ကောလိပ်များက ဖွင့်လှစ်သည့် လုပ်ငန်းခွင်ကြို ဆရာအတတ် ပညာဒီပလိုမာ (D.TEd) သင်တန်း ဝင်ခွင့်လျှောက်ထားနိုင်သည်။
၂ နှစ်တက်ရောက်ရသည့် လုပ်ငန်းခွင်ကြို ဆရာအတတ် ပညာဒီပလိုမာ(D.TEd)သင်တန်း ပြီးဆုံးပါက အခြေခံပညာကျောင်း များ၌ မူလတန်းပြအဖြစ် ခန့်အပ် နေသည်။
ဆရာအတတ်ပညာသင် တန်းကို ၂နှစ်သာ ပို့ချသဖြင့် နိုင်ငံ တကာနှင့် အာဆီယံဒေသတွင်း နိုင်ငံများ၏ ဆရာအတတ်သင် တန်းပို့ချမှု ကာလနှင့်နှိုင်းယှဉ်ပါက တိုတောင်းနေခြင်းကြောင့် ပို့ချမှု ကာလများနှင့် ဒီပလိုမာ ပေးအပ်မှု အစီအစဉ်တို့ကို ပြင်ဆင်၍ လေးနှစ်သင် ပညာရေးဒီဂရီကောလိပ် များအဖြစ် အဆင့်တိုးမြှင့်ခြင်းဖြစ် သည်ဟု ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းထားသည့် လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များအ ဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ဒေါက်တာအောင်အောင်မင်း၏ စာတမ်းတွင် ဖော်ပြထားသည်။
၁၉၈၈ တွင် မြန်မာနိုင်ငံဆရာအတတ်သင် သိပ္ပံကျောင်းများကို ပညာရေးကောလိပ်အဖြစ် အဆင့် မြှင့်တင်ဖွင့်လှစ်ခဲ့သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: 7day daily