ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ လျှောက်ထားခဲ့သော လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ၀င်ခွင့်ရရှိခဲ့သော သူများထဲတွင် ကိုယ်ဝန် ဆောင်သူ များ ပါဝင်ပါက သင်တန်းဝင်ခွင့်မှ ပြန်လည်စေလွှတ်သွားမည် ဖြစ်သည်။
၎င်း၏ နေရာတွင် အခြားတစ်ဦးအား အစားထိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း သင်တန်းဝင်ခွင့်ရရှိထားသူများ အနေဖြင့် သင်တန်းတက်ရောက်နိုင်ခြင်းမရှိပါက ကြိုတင်အကြောင်းကြားသွားရ မည်ဖြစ် ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။
"မနှစ်ကနဲ့ တစ်နှစ်ကဆိုရင် နှစ်ယောက်က ကိုယ်ဝန်သုံးလတို့ လေးလတို့ပါလာတော့ ပီတီတွေပါတွေပြေးရတယ်၊ အဆောင်နေရတယ်၊ အဲဒီတော့ ပြန်လွှတ်ရတယ်၊ အဲဒီလိုတွေဖြစ်မှာစိုးလို့ စည်းကမ်းထဲမှာထည့်ထားတာ၊ တက်နေရင်း တန်းလန်း နဲ့လည်း ကိုယ်ဝန်တွေပါတွေရှိရင် ပြန်လွှတ်ရတယ်၊ အပြီးတော့မဟုတ်ဘူး၊ မီးဖွားပြီးရင် ပြန်တက်ခိုင်းပါတယ်" ဟု ပြောသည်။
လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ကို ၀င်ခွင့်ရရှိထားသူများသည် ဒီဇင်ဘာ ၁ ရက်ထက်မစော၊ ၂ ရက်ထက် နောက်မကျစေဘဲ သင်တန်းဌာနအသီးသီးကို ရောက်ရှိကြောင်း သတင်းပို့ရမည် ဖြစ်သည်။
ထိုသင်တန်းသည် နှစ်နှစ်တက်ရောက်ရသော ဒီပလိုမာသင်တန်း ဖြစ်သည့်အတွက် သင်တန်းမပြီးဆုံးမီ နုတ်ထွက်ပါက သင်တန်းစည်းကမ်းအရ သတ်မှတ်ထားသော လျော်ကြေးငွေနှင့် စားသောက်စရိတ်၊ ထောက်ပံ့စရိတ်များကို ပေးသွင်းပြီးမှသာ နုတ်ထွက်ခွင့် ပြုမည် ဖြစ်သည်။
ယခုနှစ်အတွက် တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၄ ခုကို ကျောင်းသား/သူ ရှစ်သောင်း လျှောက်ထားခဲ့ပြီး ၇၀၀၀ ကျော် ၀င်ခွင့်ရရှိခဲ့သည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: democracy