လာမည့် ၂၀၁၉ ဒီဇင် ဘာက စ၍ ပညာရေးတက္ကသိုလ် များတွင် B.A (Education)၊ B.Sc (Education)စာပေးစာယူသင် တန်းများ ဖွင့်ပေးမည်ဟု ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
လက်ရှိတွင် ရန်ကုန်နှင့်စစ် ကိုင်းပညာရေးတက္ကသိုလ်နှစ်ခု၌ B.Ed (Bachelor of Education)ငါးနှစ်သင်တန်းများ ဖွင့်လှစ်နေပြီး ၂၀၁၉-၂၀ ပညာသင်နှစ်က စကာ B.A(Education)၊ B.Sc (Edu-cation) စာပေးစာယူသင်တန်း များ ထပ်မံဖွင့်လှစ်ရန် စီစဉ်နေ သည်။
ပညာရေးကောလိပ်ဒီပလို မာရရှိထားသူများကို အဝေးသင် တက္ကသိုလ်တတိယနှစ်ကစတက် ခွင့်ပြုရေး၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူရာတွင် အကန့် အသတ်များဖြေလျှော့ပေးရေး အ ချက်နှစ်ချက်ကို ပြီးခဲ့သည့်စက် တင်ဘာ ၁၁ မှ ၁၆ ရက်အထိ နိုင်ငံအနှံ့ရှိ ပညာရေးကောလိပ်ခြောက် ခုရှိ ကျောင်းသား၊ ကျောင်းသူ များက ကျောင်းတွင်း ဆန္ဒဖော် ထုတ်မှုများဖြင့် တောင်းဆိုခဲ့ သည်။
လွိုင်ကော်ပညာရေးကော လိပ်တွင် ကျောင်းသား၊ ကျောင်း သူများက ဖဲကြိုးစိမ်းရင်ထိုးတပ် ဆင်ကာ ကမ်ပိန်းပြုလုပ်တောင်း ဆိုသည်။
ထိုတောင်းဆိုချက်များကို ပညာရေးဝန်ကြီးဌာနက ဖြည့် ဆည်းပေးရာတွင် B.A(Educat- ion)၊ B.Sc (Education)စာပေး စာယူသင်တန်းများ ထပ်မံဖွင့်လှစ် မည့် အစီအစဉ်ပါဝင်လာခြင်းဖြစ် သည်။
‘‘UDE (အဝေးသင်တက္က သိုလ်)တက်ရင် ဒုတိယနှစ်က တက်လို့ရတယ်။ ဒါမှမဟုတ် ပညာရေးကောလိပ်ပြီးရင် ပညာ ရေးတက္ကသိုလ်က ဖွင့်မယ့် စာပေးစာယူမှာ တတိယနှစ်၊ စတုတ္ထနှစ် တက်ပြီးတော့ B.A (Education)၊ B.Sc (Education) တက်လို့ရ မယ်။ အဲဒီကနေ Qualified ဖြစ်ရင် B.Ed တစ်နှစ်ဆက်တက်၊ မဟုတ်ရင် ယှဉ်ပြိုင်စာမေးပွဲဖြေ ပြီးတော့ B.Ed တစ်နှစ်ဆက်တက် လို့ရမယ်။ ရွေးချယ်စရာတွေ အ များကြီးရှိပါတယ်’’ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။
ပညာရေးကောလိပ်များမှ D.TEd(လုပ်ငန်းခွင်အကြိုဆရာ အတတ်ပညာဒီပလိုမာ)ရရှိသူ များသည် ၂၀၁၈ ဒီဇင်ဘာက စ၍ အဝေးသင်တက္ကသိုလ်ကို ဒုတိယ နှစ်က စတင်တက်ရောက်နိုင်မည့် အပြင် ပညာရေးတက္ကသိုလ်များ မှ ဖွင့်လှစ်မည့် တတိယနှစ်နှင့် စတုတ္ထနှစ် စာပေးစာယူသင်တန်း များတက်ရောက်ပြီး B.A (Edu-cation)၊ B.Sc(Education) ရယူနိုင်မည်ဟု ကျောင်းသားများ ၏တောင်းဆိုချက်အပေါ် ပညာ ရေးဝန်ကြီးဌာနက စီစဉ်ဆောင် ရွက်ထားမှုကို စက်တင်ဘာ ၂၄ ရက်စွဲဖြင့် ကျောင်းသားများထံ အကြောင်းကြားစာတွင် ဖော်ပြ ထားသည်။
ဆန္ဒဖော်ထုတ်တောင်းဆို ချက်များ တွေ့ဆုံဖြေရှင်းပေးမည့် ရက်ကို သုံးရက်အတွင်း သတ်မှတ် အကြောင်းပြန်ရန် ပညာရေးကောလိပ်ကျောင်းသားများက စက်တင်ဘာ ၂၁ ရက်စွဲဖြင့် သဘောထားကြေညာခဲ့သည်။ စက်တင်ဘာ ၂၄ ရက်တွင် ပညာ ရေးဝန်ကြီးဌာနက ထိုကျောင်း သားများထံ အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။
B.A(Education)၊ B.Sc (Education) စာပေးစာယူ စတုတ္ထနှစ်တွင် အရည်အချင်းပြည့်ပါက B.Ed ပဉ္စမနှစ်သင်တန်းတက်၍ B.Ed (Bachelor of Education) ကို ရယူနိုင်မည့်အပြင် သတ်မှတ် အရည်အချင်းမပြည့်သူများအ တွက်လည်း B.Ed ပဉ္စမနှစ်သင် တန်းဝင်ခွင့်စာမေးပွဲဖြေဆိုပြီး အောင်မြင်ပါက B.Ed (Bachelorof Education) ကို ဆက်တက်ခွင့် ရမည်ဖြစ်သည်။
လက်ရှိစနစ်အရ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးပါက ပညာရေးကောလိပ်တွင် D.TEd ၂ နှစ်သင်တန်းကို ရွေးချယ်တက် ရောက်နိုင်ပြီး သင်တန်းပြီးဆုံးပါ က သတ်မှတ်အရည်အချင်းပြည့် မီလျှင် ပညာရေးတက္ကသိုလ်၌ B.Ed သင်တန်းဆက်လက်တက် ခွင့်ရှိသည်။
ပညာရေးကောလိပ် မှ B.Ed သို့ ဆက်တက်ခွင့်သတ် မှတ်ချက်များ တင်းကျပ်နေခြင်း ကြောင့် လူဦးရေအနည်းငယ်သာ B.Ed တက်ခွင့်ရသည်ဟု မုံရွာ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုမြင့်ထွေးက ဆိုသည်။
B.Ed ဆက်လက်တက်ခွင့်မ ရသူများကို အခြေခံပညာကျောင်း များတွင် မူလတန်းပြအဖြစ် ခန့် ထားသော်လည်း ပညာရေးဝန် ကြီးဌာန ရာထူးတိုးမူဝါဒအရ တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိထား ရန် လိုအပ်သဖြင့် အဝေးသင် တက္ကသိုလ် ဆက်လက်တက် ရောက်ကြသည်။
တစ်နိုင်ငံလုံးတွင် ပညာရေး ကောလိပ် ၂၅ ခုရှိပြီး ထိုကျောင်း များမှ တစ်နှစ်လျှင် D.TEd ဒီပလို မာရ မူလတန်းပြ ၁၂,၀၀၀ ခန့် မွေးထုတ်ပေးနေသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7day