ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်မည့် ပညာရေးကောလိပ်ဝင်ခွင့်များကို ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင့်ဖော်ပြပြီး ခေါ်ယူမည်မဟုတ်ဘဲ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာကာ သီးခြားခေါ်ယူမှုများဖြင့်သာ လျှောက်ထားခွင့်ပေးမည်ဖြစ်သည်။
READ - ပညာရေးတက္ကသိုလ်တွေမှာ နယ်ကျော်တက်လိုတဲ့ ကျောင်းသားတွေကို လက်ခံသင်ကြားပေးမယ့် ဦးရေသတ်မှတ်
ယခုနှစ်တွင်လည်း ပညာရေးကောလိပ်များ၏ ၀င်ခွင့်များကို အမှတ်သတ်မှတ်ထားခြင်းမရှိဘဲ လျှောက်ထားသူ အရေအတွက်အပေါ်သာမူတည်ပြီး ၀င်ခွင့်ပေးမည်ဖြစ်ကြောင်း အဆင်မြင့်ပညာဦးစီးဌာနမှ သိရသည်။
ပညာရေးကောလိပ်များကို နှစ်နှစ်သင်ကောလိပ်အဆင့်မှ လေးနှစ်သင် ဒီဂရီကောလိပ်များအဆင့်သို့ တိုးမြှင့်ရန် စီစဉ်ခဲ့သော်လည်း သင်ရိုးညွှန်းတမ်းများကို စမ်းသပ်သင်ကြားမှုများပြုလုပ်ပြီး သင်ရိုးများအား လိုတိုးပိုလျှော့ များ ပြုလုပ်ရန် စီစဉ်နေသည့်အတွက် လာမည့်နှစ်မှသာ အဆင့်တိုးခြင်းများကို ဆောင်ရွက်ပြီး တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ထည့်သွင်းခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကောလိပ် ၂၄ ခုရှိပြီး ယခုနှစ်အတွက် ယင်းကောလိပ် ၂၄ ခုအတွက် သင်တန်းသားသင်တန်းသူ ၅၅၀၀ မှ ၆၀၀၀ ကြား ၀င်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today