စတင်လျှောက်ထားနိုင်ပြီဖြစ်ရာ အသက် ၂၂ နှစ်အောက် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်။
ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့ တက်ရောက်လိုသော ပညာရေးကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနများသို့ လျှောက်ထားခြင်းမပြုရန် ကြေညာထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
“ကျောင်းတွေက အမှတ်သတ်မှတ်မှာတော့ မဟုတ်ဘူး။ ဘယ်သူမဆို လျှောက်ထားနိုင်တယ်။ ၀င်ခွင့်လျှောက်လာတဲ့သူတွေကို အမှတ်အနည်းအများ စဉ်ပြီး ၀င်ခွင့်ပေးမှာ။ ဒီနှစ်လည်း ငါးထောင်ကနေ ခြောက်ထောင်ကြားတော့ ၀င်ခွင့်ပေးမှာပါ” ဟု ပြောကြားသည်။
ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ဒေသရှိ ပညာရေးကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်သော်လည်း နေပြည်တော်ကောင်စီနယ်မြေမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာနသို့ ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။
သင်တန်းတက်ရောက်ခွင့်ရရှိမည့် ကျောင်းသား၊ ကျောင်းသူများသည် အဆောင်နေထိုင်ခွင့်ရရှိမည့်အပြင် တစ်လလျှင် ကျပ် သုံးသောင်းနှုန်း ထောက်ပံ့ကြေးရရှိမည်ဖြစ်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today