ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲ အောင်မြင်ထားသူများ သင်တန်းဝင်ခွင့်လျှောက်ထားနိုင် ပြီး လျှောက်လွှာ စတင်လက်ခံ မည့်ရက်ကို နိုင်ငံပိုင်သတင်းစာ များ၌ ကြေညာမည် ဖြစ်သည်။
‘‘ပညာရေးဒီဂရီကောလိပ် အဖြစ် အဆင့်တိုးမယ့် အစီအစဉ်က ဒီနှစ် မလုပ်ဖြစ်သေးတဲ့အတွက် အရင်နှစ်တွေအတိုင်းပဲ ပညာရေး ကောလိပ်မှာ D.TEd (လုပ်ငန်း ခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ) သင်တန်းတွေ ဆက် ဖွင့်ပါမယ်။
သင်တန်းသား အရေအတွက်ကတော့ တစ်ကျောင်းနဲ့ တစ်ကျောင်း မတူဘူး’’ဟု ဒေါက်တာအောင်အောင်မင်းက ပြောသည်။
ကျောက်ဖြူ၊ စစ်ကိုင်း၊ တောင်ကြီး၊ တောင်ငူ၊ ထားဝယ်၊ ပခုက္ကူ၊ ပုသိမ်၊ ပြည်၊ ဘားအံ၊ ဘိုကလေး၊ မကွေး၊ မော်လမြိုင်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ မြစ်ကြီး နား၊ မြောင်းမြ၊ ရန်ကင်း၊ လှည်း ကူး၊ သင်္ဃန်းကျွန်း၊ လားရှိုး၊ လွိုင် ကော်၊ ဟားခါးပညာရေးတက္က သိုလ်များနှင့် ကျိုင်းတုံ ဆရာ အတတ်ပညာသင်တန်းဌာနခွဲ တွင် အဆိုပါသင်တန်းများ ဖွင့် လှစ်မည်ဖြစ်သည်။
လျှောက်ထားသည့် တိုင်းဒေသကြီး၊ ပြည်နယ် များရှိ သွားလာရေး အဆင်ပြေသော ပညာရေးကောလိပ်များ၌သာ တက်ရောက်ရမည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူ၊ အသက် (၂၂) နှစ်ထက်မကြီးသူများ ဝင်ခွင့် လျှောက်ထားနိုင်ပြီး တက်ရောက် ခွင့်ရရှိသူများ စာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများ၌ ထုတ် ပြန်ကြေညာမည်ဖြစ်သည်။
လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာဒီပလိုမာသင်တန်း များကို ၂၀၁၈ ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်၍ သင်တန်းကာလ ၂ နှစ်တက်ရောက်ရမည်ဖြစ်သည်။
သင်တန်းတက်ရောက်စဉ် သင်တန်းသားများကို အဆောင် နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံ တော်အစိုးရက တစ်လလျှင် ကျပ် သုံးသောင်း ပညာသင်ထောက်ပံ့ ကြေး ပေးမည်ဖြစ်သည်။
လုပ်ငန်းခွင် အကြိုဆရာ အတတ်ပညာသင်တန်း တက် ရောက်ပြီးပါက ဆရာအတတ် ပညာ ဒီပလိုမာချီးမြှင့်ပြီး အခြေခံ ပညာကျောင်းများ၌ မူလတန်း ပြဆရာအဖြစ် ခန့်အပ်မည်ဖြစ်သည်။
သင်တန်းပြီးဆုံး၍ မူလတန်းပြဆရာအဖြစ် ခန့်ထားပါက ဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်ရမည်။
ထို့အပြင် ပညာရေးဘွဲ့ သင်တန်းတက်ရောက်ရန် အဆင့်မီပါက ပညာရေးတက္ကသိုလ်များ၌ ပညာရေးဘွဲ့ (B.Ed) သင်တန်း တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: 7day daily