၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ ၇၀၀၀ နီးပါး ပညာရေးကောလိပ်ဝင်ခွင့် ပေးမည်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ ၇၀၀၀ နီးပါး ပညာရေးကောလိပ်ဝင်ခွင့် ပေးမည်

 

၂၀၁၈ ပညာသင်နှစ် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ နှစ်နှစ်သင်တန်းများအတွက် ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသောသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

 

သင်တန်းဝင်ခွင့်များကို လာမည့်ဇူလိုင်လတွင် ခေါ်ယူနိုင်ရန် လျာထားသည်။

 

ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ပညာရေးတက္ကသိုလ် ၂၄ ခုမှ ကျောင်းသား၊ ကျောင်းသူ ၇၀၀၀ နီးပါး ၀င်ခွင့်ပေးမည်ဖြစ်သည်။

 

သင်တန်းဝင်ခွင့်ကို သတ်မှတ်ထားခြင်းမရှိဘဲ လျှောက်ထားသူအရေအတွက် အပေါ်မူတည်ပြီး ရွေးချယ်မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာနမှ သိရသည်။

 

လျှောက်ထားလိုသူများသည် ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အသက် ၂၂ နှစ်ထက် မကြီးသူများ လျှောက်ထားနိုင်မည်။

 

လျှောက်ထားလိုသူများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးများတွင် သင်တန်းဝင်ခွင့် လျှောက်လွှာများကို တောင်းယူပြီး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင်သာ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။

 

တစ်ကျောင်းချင်းရဲ့ အမှတ်တွေကတော့ မတူနိုင်ဘူး။ တချို့နေရာတွေကတော့ အမှတ်မြင့်သလို တချို့နေရာတွေကတော့ နည်းမယ်။ တစ်လကို ထောက်ပံ့ကြေး ကျပ်သုံးသောင်းလည်း ပေးမယ်” ဟု ပြောသည်။

 

သင်တန်းတက်ရောက်စဉ် ကာလအတွင်း သင်တန်းသားများကို အဆောင်နေထိုင်ခွင့် ပြုမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဆရာအတတ်ပညာ ဒီပလိုမာလက်မှတ် ချီးမြှင့်မည် ဖြစ်သည်။

 

ယင်းလက်မှတ်ရရှိသူများကို မူလတန်းပြဆရာအဖြစ် ခန့်ထားပါက ဒေသမရွေးသွားရောက်တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

 

ယခင်နှစ်က အဆိုပါသင်တန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြောက်ထောင်ကျော် ၀င်ခွင့်ပေးခဲ့သည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

source: democracy

News Read 10580 times