ပညာရေးဝိဇ္ဇာ၊ သိပ္ပံ စာပေးစာယူသင်တန်းဖွင့်မည်

ပညာရေးဝိဇ္ဇာ၊ သိပ္ပံ စာပေးစာယူသင်တန်းဖွင့်မည်

လာမည့် ဒီဇင်ဘာလမှစ၍ပညာရေးတက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များတွင် B.A (Education), B.Sc (Education) စာပေးစာယူသင်တန်းများ ဖွင့်မည်ဟုအဆင့်မြင့်ပညာဦးစီးဌာနက ဇူလိုင် (၂၄) ရက်တွင်ကြေညာသည်။ ပညာရေးကောလိပ်များမှ လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာ (D.TEd) ရရှိထားပြီး ဘွဲ့မရသေးသူများသည် B.A (Education), B.Sc (Education) စာပေးစာယူသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်ပြီး တတိယနှစ်သင်တန်းသို့ တိုက်ရိုက်တက်ရောက်ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာပါသည်။

 

ပညာရေးကောလိပ် ဒီပလိုမာရရှိထားသူများကို အဝေးသင်တက္ကသိုလ်တတိယနှစ်မှ စတက်ခွင့်ပြုရေး၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူရာတွင် အကန့်အသတ်များဖြေလျှော့ပေးရေး အချက် () ချက်ကို ၂၀၁၈ စက်တင်ဘာ (၁၁) ရက်မှ (၁၆) ရက်အထိ နိုင်ငံအနှံ့ရှိ ပညာရေးကောလိပ် () ခုတွင် ကျောင်းသား/သူများက ကျောင်းတွင်း ဆန္ဒထုတ်ဖော်မှုများဖြင့် တောင်းဆိုခဲ့သည်။

 

ထိုတောင်းဆိုချက်များကို ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးရာတွင် B.A (Education), B.Sc (Education) စာပေးစာယူသင်တန်းများ ထပ်မံဖွင့်လှစ်မည့် အစီအစဉ်ပါဝင်ပါသည်။ ထိုအစီအစဉ်အရ D.TEd ရရှိထားပြီး ဘွဲ့မရသေးသူများ B.A (Education), B.Sc (Education) စာပေးစာယူ တတိယနှစ်မှ စတက်ရမည်ဖြစ်ပြီး ဇူလိုင် (၂၅) ရက်မှ သြဂုတ် (၂၆) ရက်အထိ ပညာရေးကောလိပ်များတွင် လျှောက်လွှာတင်သွင်းနိုင်သည်ဟု ကြေညာထားပါသည်။

 

ပညာရေးကောလိပ်ပြီးရင် ပညာရေးတက္ကသိုလ်နဲ့ ဒီဂရီကောလိပ်က ဖွင့်မယ့်စာပေးစာယူမှာ တတိယနှစ်၊ စတုတ္ထနှစ် တက်ပြီးတော့ B.A (Education), B.Sc (Education) တက်လို့ရမယ်။ အဲဒီကနေ Qualified ဖြစ်ရင် B.Ed တစ်နှစ်ဆက်တက်၊ မဟုတ်ရင် ယှဉ်ပြိုင်စာမေးပွဲဖြေပြီးတော့ B.Ed တစ်နှစ်ဆက်တက်လို့ရမယ်။ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်” ဟုပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက 7Day Daily သတင်းစာအားပြောကြားပါသည်။

 

Read More>>>>> ဟိုတယ်ဝန်ဆောင်မှုသင်တန်း အခမဲ့သင်ကြားပေးမည်

 

လက်ရှိတွင် ရန်ကုန်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် () ခုတွင် B.Ed (Bachelor of Education) ငါးနှစ်သင်တန်းများဖွင့်လှစ်နေပြီး ပညာရေးကောလိပ်များတွင် ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်းများဖွင့်လှစ်နေပါသည်။

 

Source: 7Day News

 

News Read 2482 times