အီလက်ထရွန်နစ်သင်ယူမှုဌာန ၆၂၄ ခု ဖွင့်လှစ်ပေးထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။
ထို အီလက်ထရွန်နစ်သင်ယူမှုဌာနများ၌ ကျောင်းစဖွင့်ချိန်မှစ၍ ပညာသင်နှစ်တစ်နှစ်တာအတွင်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိလည်းကောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၈ နာရီမှ မွှန်းလွဲ ၁၂ နာရီ ခွဲ အထိလည်းကောင်း ဘာသာရပ်အသီးသီး၏ သင်ခန်းစာများကို ထုတ်လွှင့်သင်ကြားပေးလျက်ရှိသည်။
“အီလက်ထရွန်နစ်သင်ယူမှုဌာနတွေမှာ ဘာသာရပ်တွေကို လာပြီးလေ့လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ နည်းပါတယ်။ အဝေးသင်တက္ကသိုလ်တက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူအများစုက အလုပ်တစ်ဖက်နဲ့ သင်ယူနေကြရလို့ သင်ယူဖို့ အချိန်မပေးနိုင်တာကြောင့် ကျောင်းသားနည်းပါးရတာပါ”ဟု ပြောသည်။
မြို့နယ်အသီးသီး၌ ဖွင့်လှစ်ပေးထားသည့် အီလက်ထရွန်နစ်သင်ယူမှုဌာန (e-Education Learning Centre) များ၌ ကျောင်းဖွင့်ချိန်မှ စတင်၍ မိမိအဆင်ပြေရာအချိန်အတွင်း ဆက်သွယ်သင်ယူခြင်းဖြင့် ကျောင်းသင်ခန်းစာများကို ထိရောက်စွာ လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: မြ၀တီ