တက္ကသိုလ်ဝင်စာမေးပွဲကြီးရက်တွေမှာ စာကျက်ချိန်အတွင်း အိပ်မငိုက်အောင် ပြုလုပ်သင့်တဲ့ ပုံစံများ

တက္ကသိုလ်ဝင်စာမေးပွဲကြီးရက်တွေမှာ စာကျက်ချိန်အတွင်း အိပ်မငိုက်အောင် ပြုလုပ်သင့်တဲ့ ပုံစံများ

၁. အစားအစာများကို ရွေးချယ် စားတတ်ရမယ်။

- မနက်ခင်းစောစောမှာ စာကျက်မယ်ဆိုရင်တော့ မနက်စာ ပေါ့ပေါ့ပါးပါးလေးကို စားပါ။

- ညနေခင်းနဲ့ ညခင်းမှာ စာကျက်မယ်ဆိုရင်တော့ စာမကျက်ခင်မှာ အစာကျေဖို့ ခက်ခဲတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

- ပန်းသီး၊ လိမ္မော်ရည်နဲ့ စပျစ်ရည်ကဲ့သို့ အချိုရည်များကို သောက်သုံးထားခြင်းဖြင့်လည်း အိပ်မငိုက်အောင် အထောက်အပံ့ ပေးပါတယ်။

၂. စာကျက်မည့် ပတ်ဝန်းကျင် ရွေးချယ်တတ်ရမယ်။

- စာကျက်မည့် အခန်းဟာ အလင်းရောင်ရရှိမယ့် နေရာမျိုးကို ရွေးချယ်ကျက်ပါ။

- စာလုပ်ရာမှာ လိုအပ်မယ့် စာအုပ်၊ ခဲတံ၊ ပေတံ အစရှိသည်တို့ဟာ သင့်အနီးပတ်ဝန်းကျင်မှာ အဆင်သင့်ရှိနေရပါ့မယ်။

- ပန်ကာကို သင့်မျက်နှာရှေ့ တည့်တည့်မှာ မဖွင့်ထားပါနဲ့၊ ပန်ကာလေဟာ သင့်ကို ငိုက်မြည်းစေပါတယ်။

READ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုခဲ့ကြတဲ့ မြန်မာစာမေးခွန်းပုံစံ

၃. စာကျက်ပုံ မှန်ကန်ရမယ်။

- ကိုယ်ကို မတ်မတ်ထိုင်ပါ။ ခုံဖြင့်ထိုင်ပါက ဆိုဖာခုံပျော့ပျော့ထက် သစ်သားထိုင်ခုံ၊ ပလတ်စတစ်ထိုင်ခုံမျိုးကို ရွေးချယ်ပြီး စာကျက်သင့်ပါ။

- အိပ်ရာပေါ်မှာ စာကျက်ခြင်း၊ လဲလျောင်း၍ စာကျက်ခြင်းတို့ကို ရှောင်ရှားပါ။

- ခေါင်းစဉ်တစ်ခုကို ကျက်မှတ်စဉ် အနည်းငယ် ပျင်းရိလာပါက အခြားခေါင်းစဉ်တစ်ခုကို ပြောင်းကျက်ပါ။

- ထိုင်ပုံကို မကြာခဏပြောင်းလဲခြင်း၊ နာရီဝက်တစ်ခါလောက် လမ်းထလျှောက်ခြင်းတို့ကို ပြုလုပ်ပေးပါ။

- တစ်နာရီကျက်ပြီးတိုင်း ၁၀ မိနစ်ခန့် နားပေးပြီး နားသည့်အချိန်တွင် ရေသောက်ပေးပါ။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Tips Read 20681 times