မဟာဘွဲ့မရသေးသော တက္ကသိုလ်ဆရာ၊ ဆရာမများကို ဝင်ခွင့်စာမေးပွဲ စစ်ဆေးပြီး မဟာအရည်အချင်းစစ် သင်တန်းတက်ရောက်ခွင့်ပြုရန် ညွှန်ကြား

မဟာဘွဲ့မရသေးသော တက္ကသိုလ်ဆရာ၊ ဆရာမများကို ဝင်ခွင့်စာမေးပွဲ စစ်ဆေးပြီး မဟာအရည်အချင်းစစ် သင်တန်းတက်ရောက်ခွင့်ပြုရန် ညွှန်ကြား

ဝိဇ္ဇာ၊ သိပ္ပံရိုးရိုးဘွဲ့ရ သင် ကြားရေး ဆရာ၊ ဆရာမများသည် မဟာတန်းတက်ရောက်ရန် ဆန္ဒ ရှိပါက မိမိတာဝန်ထမ်းဆောင် သည့် တက္ကသိုလ်နှင့်နီးစပ်သော ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များတွင် ဘာသာရပ်အလိုက် ဝင်ခွင့်စာမေး ပွဲဖြေဆိုပြီး အောင်မြင်ပါက မဟာ အရည်အချင်းစစ်သင်တန်း တစ် နှစ်တက်ရောက်ရမည် ဖြစ်သည်။

အရည်အချင်းစစ် သင်တန်း အောင်မြင်ပါက မဟာဘွဲ့သင် တန်း ဆက်လက် တက်ရောက်ခွင့်  ပြုရန် အဆင့်မြင့် ပညာဦးစီးဌာန က သက်ဆိုင်ရာ တက္ကသိုလ်များ အား အကြောင်းကြားထားသည်။

‘‘နည်းပညာ၊ ကွန်ပျူတာ တက္ကသိုလ်တွေမှာ အရင်က အ ခြေအနေကြောင့် မဟာဘွဲ့မရ သေးသူတွေကို ဆရာ၊ ဆရာမအ ဖြစ် ခန့်ထားရတာတွေ ရှိတယ်။ ရာထူးတိုးမူအရ တစ်ဆင့်မြင့်ဘွဲ့ မရလို့၊ မဟာဘွဲ့မရလို့ ရာထူးတိုး အခက်အခဲဖြစ်နေတာကြောင့် တက်ချင်ရင် တက်ခွင့်ပေးဖို့ ပြော ထားတယ်’’ ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြား သည်။

READ - ယခုပညာသင်နှစ်အတွက် ဘွဲ့ရနေ့စားလပေး မူလတန်းပြများကို ခေါ်ယူနိုင်တော့မည်မဟုတ်

ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ် နည်းပြ၊ သရုပ်ပြ များ ကို လက်ထောက်ကထိကအဖြစ် ရာထူးတိုးပေးသည့် မူဝါဒတွင် အ နည်းဆုံး မဟာဘွဲ့၊ မဟာဒဿန ဘွဲ့ရရှိထားရမည်ဟူသည့် အချက် ပါဝင်ပြီး ရိုးရိုးဘွဲ့ရဆရာ၊ ဆရာမ များ ရာထူးတိုး အခက်အခဲကြုံတွေ့ခဲ့ရသည်။

‘‘အရင်က နည်းပညာ၊ ကွန် ပျူတာတွေက သိပ္ပံနည်းပညာဝန် ကြီးဌာနအောက်မှာ။ ၂၀၁၆ ကျမှ ပညာရေးဝန်ကြီးဌာနအောက် ရောက်လာတာ။ အခုလို ရာထူး တိုးမှု ဘာညာကလည်း သတ်မှတ် ထားတာမရှိတော့ အခုမဟာဘွဲ့ ရမှဆိုတော့ မရတဲ့သူတွေက နှစ် တွေကြာနေပေမယ့် အတိုးမပါဘူးဖြစ်ကုန်တာ’’ ဟု နည်းပညာတက္က သိုလ် ဆရာမတစ်ဦးကဆိုသည်။

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ တွင် အနိမ့်ဆုံး မဟာဘွဲ့ (သို့မ ဟုတ်) မဟာဘွဲ့မဖွင့်လှစ်နိုင် သေးသည့် ဘာသာရပ်အနည်းစု အတွက် အနိမ့်ဆုံးမဟာအရည်အ ချင်းစစ် သင်တန်း တက်ရောက် ခွင့် ရရှိထားမှသာ တက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အဖြစ် ခန့်အပ်သည်။

သို့သော် နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ဝိဇ္ဇာ၊ သိပ္ပံ Minor ဘာသာရပ်များ သင်ကြားနေသည့် ဆရာ၊ ဆရာမ အချို့ကို ယခင်က ဆရာလိုအပ် ချက်အရ ရိုးရိုးဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရရှိ ထားရုံဖြင့် ခန့်အပ်မှု ရှိခဲ့သည်။

တစ်နိုင်ငံလုံးတွင် နည်းပ ညာနှင့် ကွန်ပျူတာတက္ကသိုလ် ၆၀ ကျော်ရှိပြီး မဟာဘွဲ့ မရသေး သည့် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်သင် ဆရာ၊ ဆရာမ နှစ်ရာကျော်ရှိနေ သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 3004 times