၁။ ၂၀၂၀ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တွင် ဖွင့်လှစ်သင်ကြားမည့်အောက်ဖော်ပြပါ ညဘွဲ့လွန်ဒီပလိုမာသင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူ ပြင်ပဆရာဝန်များ လျှောက်ထားနိုင်ပါကြောင်းကြေညာအပ်ပါသည်။
**သင်တန်းအမည်များ**
** မိသားစုကျန်းမာရေးစောင့်ရှောက်မှုဆေးပညာဒီပလိုမာ Dip.Med.Sc (Family Medicine)၊ သင်တန်း (၁) နှစ်
** အခြေခံအရေးပေါ်ကုသမှုဆေးပညာဒီပလိုမာ Dip.Med.Sc (Primary Emergency Care)၊ သင်တန်း (၁) နှစ်
** လိုအပ်သောအရည်အချင်း**
၂။ (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆေးပညာဒီပလိုမာ သင်တန်းအတွက် လက်ရှိတရားဝင် ဆမသက်တမ်း (၂) နှစ်ပြည့်ပြီး ဆမသက်တမ်းတိုး ကိုင်ဆောင်ထားသူ၊ အမ်ဘီဘီအက်စ် (သို့) မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုထားသော အလားတူဘွဲ့ရရှိသူ ဖြစ်ရပါမည်။
(ဂ) မိသားစုကျန်းမာရေးစောင့်ရှောက်မှုဆေးပညာ ဒီပလိုမ်ာသင်တန်းအတွက် အသက်သတ်မှတ်ချက်မရှိပါ။
(ဃ) အခြေခံအရေးပေါ်ကုသမှုဆေးပညာဒီပလိုမာ သင်တန်းအတွက် လက်ရှိတရားဝင် ဆမသက်တမ်း (၂) နှစ်ပြည့်ပြီး ဆမသက်တမ်းတိုး ကိုင်ဆောင်ထားသူ၊ အသက် (၅၀) နှစ်ထက်မကြီးသူ၊ အမ်ဘီအက်စ် (သို့) မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုထားသော အလားတူဘွဲ့ရရှိသူဖြစ်ရပါမည်။
(င) သတ်မှတ်ထားသော သင်တန်းကြေးများကို ပေးသွင်းရမည်။
(စ) သတ်မှတ်ထားသော သင်တန်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရပါမည်။
၃။ လျှောက်လွှာပိတ်ရက်မှာ(၂၃-၈-၂၀၁၉) ရက် သောကြာနေ့ ဖြစ်ပါသည်။
၎။ လျှောက်လွှာများကို ငွေသွင်းချလန်မူရင်းနှင့်တကွ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်သို့ လိပ်မူ၍ ပေးပို့လျှောက်ထားရပါမည်။
Read More: ပညာရေးနှင့် ဝါသနာ သင်ဘယ်လိုရွေးချယ်လျှောက်လှမ်းမလဲ
၅။ ဝင်ခွင့်ရေးဖြေစာမေးပွဲစစ်ဆေးမည့်ရက်မှာ (၂၇-၉-၂၀၁၉) ရက် သောကြာနေ့ ဖြစ်ပါသည်။
၆။ ဘွဲ့လွန်သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် ဘွဲ့လွန်သင်တန်း ဝင်ခွင့်စာမေးပွဲကြေး (၁ သောင်း) တိတိကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၏ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၅)၊ ရန်ကုန်တွင် ဖွင့်လှစ်ထားသော ငွေစာရင်းအမှတ် MD-၀၁၀၀၃၅ သို့ လိပ်မှု၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။
၇။ သင်တန်းအလိုက် တက်ရောက်ခွင့်ပြုမည့် လျာထားဦးရေသတ်မှတ်ချက်ကို ၄င်းတက္ကသိုလ်၏ Website မှတစ်ဆင့် ကြိုတင်ကြေညာပါမည်။ လျာထားဦးရေ မည်မျှရှိစေကာမှု သတ်မှတ်အရည်အချင်း ရမှတ်မပြည့်မီပါက ရွေးချယ်ခြင်းမပြုပါ။
၈။ အသေးစိတ်အချက်အလက်များကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၊ ဘွဲ့လွန်/စာမေးပွဲဌာနစု၊ ဖုန်းနံပါတ် (၀၁-၂၅၁၀၃၂၊ ၀၁-၂၅၁၅၉၆၊ လိုင်းခွဲ ၂၀) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (သို့) ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် Website-http://www.umlygn.edu.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
(ဆေးတက္ကသိုလ်(၁) ရန်ကုန်)
Source: University News