ရန်ကုန်တက္ကသိုလ်၌ဖွင့်လှစ်မည့် ပါရဂူဘွဲ့သင်တန်းအတွက် ၀င်ခွင့်စာမေးပွဲ မေ ၂၁ ရက်တွင် စတင်စစ်ဆေးမည်

ရန်ကုန်တက္ကသိုလ်၌ဖွင့်လှစ်မည့် ပါရဂူဘွဲ့သင်တန်းအတွက် ၀င်ခွင့်စာမေးပွဲ မေ ၂၁ ရက်တွင် စတင်စစ်ဆေးမည်

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံပညာ၊ အဏုဇီဝဗေဒ စသည့် အထူးပြု ဘာသာရပ်များအလိုက် ပါရဂူဘွဲ့သင်တန်းများအတွက် ၀င်ခွင့် စာမေးပွဲများကို ၂၀၁၈ ခုနှစ်၊ မေ ၂၁ ရက်တွင် သက်ဆိုင်ရာ ဘာသာရပ်အား လည်းကောင်း၊ မေ ၂၂ ရက်တွင် အင်္ဂလိပ်စာ ဘာသာရပ်အားလည်းကောင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ စစ်ဆေးမည်ဖြစ်သည်။

ယင်းပါရဂူဘွဲ့သင်တန်းများသို့ ၂၀၁၈ ဇွန် ၁ ရက်တွင် အသက် ၃၀ နှစ်ထက် မကျော်လွန်သူများ၊ ပါရဂူဘွဲ့အကြိုသင်တန်းကို အချိန်ပြည့် တစ်နှစ်တက်ရောက်နိုင်သူများကို လျှောက်ထားခွင့်ပြုပါသည်။

ပညာရေးဝန်ကြီးဌာန ၀န်ထမ်းများအတွက် အသိအမှတ်ပြုထားသော တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်၌ အနိမ့်ဆုံး မဟာဘွဲ့အောင်မြင်သူ၊ ဘာသာရပ်ဆိုင်ရာ သုံးနာရီ မေးခွန်းနှင့် အင်္ဂလိပ်စာ သုံးနာရီမေးခွန်း ၀င်ခွင့် စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း အောင်မြင်သူများကိုသာ လက်ခံမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: moe.gov

News Read 1815 times