၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရေဆင်းစိုက်ပျိုးတက္ကသိုလ်တွင် ပို့ချမည့်ပါရဂူဘွဲ့သင်တန်း (Ph.D) နှင့် စိုက်ပျိုးရေးမဟာသိပ္ပံသင်တန်း (M.Agr.Sc) တက်ရောက်ရန် လျှောက်လွှာများ ခေါ်ယူအပ်ပါသည်။
၂။၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပါရဂူနှင့်စိုက်ပျိုးရေးမဟာသိပ္ပံ သင်တန်းတို့တွင် အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ပါသည်။
**ပါရဂူသင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များ**
၁။ Agronomy
၂။ Plant Breeding Physiology & Ecology
၃။ Soil & Water Science
၎။ Plant Pathology
၅။ Horticulture
၆။ Agricultural Economics
**စိုက်ပျိုးရေးမဟာသိပ္ပံ သင်တန်းတွင်သင်ကြားမည့်ဘာသာရပ်များ**
၁။ Agronomy
၂။ Plant Breeding Physiology & Ecology
၃။ Soil & Water Science
၎။ Plant Pathology
၅။ Entomology
၆။ Horticulture
၇။ Agricultural Economics
၃။ သင်တန်းဝင်ခွင့် လျှောက်ထားသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထားမူရင်းနှင့် မိတ္တူများကို တင်ပြရပါမည်။
(က) လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။(နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူတင်ပြနိုင်ရပါမည်။)
(ခ) ဝန်ထမ်းဖြစ်ပါက (၉-၈-၂၀၁၉) ရက်တွင် လုပ်သက်အနည်းဆုံး (၂) နှစ်ပြည့်ပြီး၊ သက်ဆိုင်ရာဦးစီးဌာနမှ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်မူရင်းတင်ပြရပါမည်။
(ဂ) မဟာသိပ္ပံသင်တန်းကာလမှာ (၂) နှစ်မှ (၃) နှစ်နှင့် ပါရဂူသင်တန်းကာလ (၃) နှစ်မှ (၄) နှစ်ဖြစ်ပြီး သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရပါမည်။
(ဃ) (၉-၈-၂၀၁၉) ရက်တွင် အသက် (၄၅) နှစ်ထက် မကျော်လွန်သူဖြစ်ရပါမည်။
(င) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) နောက်ဆုံးနှစ်စာမေးပွဲတွင် မဟာသိပ္ပံသင်တန်းတက်ရောက်ရန် အရည်အချင်းပြည့်မီ (Qualified) ဖြစ်ရပါမည်။
(စ) ပါရဂူသင်တန်းအတွက် စိုက်ပျိုးရေးပညာ အခြေခံဘွဲ့ရရှိထားပြီးပြည်တွင်းပြည်ပ တက္ကသိုလ်တစ်ခုခုမှ စိုက်ပျိုးရေးနှင့်ဆိုင်သည့် မဟာဘွဲ့ရရှိရပါမည်။
(ဆ) အထက်ဖော်ပြပါ အချက်များနှင့် ပြည့်စုံသူများသည် ဘွဲ့လွန်သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ (အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာ အထူးပြုဘာသာရပ်)ကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်သူများကိုသာ လူတွေ့နှုတ်ဖြေစာမေးပွဲ ဖြေဆိုခွင့်ပြုပါမည်။
၎။ လျှောက်လွှာနှင့်အတူ ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ၊ အောင်မြင်ကြောင်း ထောက်ခံစာမိတ္တူနှင့် အမှတ်စာရင်းမိတ္တူတို့ကို ပူးတွဲတင်ပြရပါမည်။
၅။ လျှောက်လွှာပုံစံများကို (၈-၇-၂၀၁၉) ရက် တနင်္လာနေ့ မှစ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ရယူနိုင်ပြီး (၉-၈-၂၀၁၉) သောကြာနေ့ နောက်ဆုံးထား၍ လျှောက်ထားရပါမည်။
၆။ သတ်မှတ်ထားသညု့် အချက်အလက်များ တိကျပြည့်စုံစွာရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၇။ စာမေးပွဲဖြေဆိုခွင့်ရရှိသူများသည် စာမေးပွဲကြေး (တစ်ထောင်ကျပ်) တိတိကျပ်ကို တက္ကသိုလ်ငွေကိုင်ဌာနသို့ (၂၆-၈-၂၀၁၉) ရက်မှ (၂၉-၈-၂၀၁၉) ရက်အထိ ပေးသွင်းရမည်ဖြစ်ပါသည်။
၈။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ရေဆင်းစိုက်ပျိုးတက္ကသိုလ်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။
**အင်္ဂလိပ်စာဘာသာရပ်ကို (၃၁-၈-၂၀၁၉) ရက်စနေနေ့တွင် (နံနက် (၉) နာရီမှ (၁၂) နာရီအထိ)
**သက်ဆိုင်ရာဘာသာရပ်ကို (၁-၉-၂၀၁၉) ရက်တနင်္ဂနွေနေ့တွင် (နံနက် (၉) နာရီမှ (၁၂) နာရီအထိ)
Read More: ၂၀၁၉-၂၀၂၀ ပညာသင်နှစ် BTHM သင်တန်းအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း
၉။ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို တစ်ပါတည်းယူဆောင်လာရပါမည်။
၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများကို (၃၁-၁၀-၂၀၁၉) ရက် (ကြာသပတေးနေ့) တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် လူတွေ့စစ်ဆေးပါမည်။သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် သင်တန်းစတင်ဖွင့်လှစ်မည့်ရက်များကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ထုတ်ပြန်ကြေညာပေးပါမည်။
၁၁။ စာမေးပွဲ အောင်မြင်သူများသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ၂၀၁၉ ခုနှစ်နိုဝင်ဘာလတွင် ဖွင့်လှစ်မည့်ပထမ စာသင်နှစ်ဝက် (Firs Semester) မှစ၍ သက်ဆိုင်ရာဘွဲ့သင်တန်းများကို တက်ရောက်ရမည်ဖြစ်ပါသည်။
၁၂။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊စာမေးပွဲနှင့် ဘွဲ့နှင်းဌာန ဖုန်းနံပါတ် (၀၆၇-၃၄၁၆၆၈၇) သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
Source: မြန်မာ့အလင်း