ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ လက်အောက်ရှိ အဝေးသင်ဌာနခွဲများတွင် တက်ရောက်နေသော ဒုတိယနှစ်နှင့်အထက် သင်တန်းများကို ဖေဖော်ဝါရီလ ၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါနှစ်များ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းများ၊ စာစဉ်တင်ရမည့် နောက်ဆုံးရက်များကိုလည်း ကြေညာထားပြီးဖြစ်ရာ ကျောင်းသား/သူများအနေဖြင့် ကျောင်းအပ်မှတ်ပုံတင်ခြင်းများကို စတင်ဆောင်ရွက် နိုင်မည်ဖြစ်သည်။
READ - အသက်မွေးဝမ်းကျောင်းပညာရပ်များ အခမဲ့သင်ကြားမည့် စုအသက်မွေးဝမ်းကျောင်းသိပ္ပံ ဖွင့်မည်
“သတ်မှတ်ရက်တွေမှာ ကျောင်းအပ်တာတွေကို စတင်ဆောင်ရွက်နိုင်ပါပြီ။ နောက်ဆုံးတင်သွင်း ရမယ့်ရက်တွေကိုလည်း သတ်မှတ်ရက်ထက် နောက်မကျဘဲ တင်းသွင်းရမယ်။ အခုဆိုရင် ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အောင်စာရင်းတွေ ထုတ်ပေးနေရာ ကုန်သလောက်ဖြစ်နေပြီ” ဟု ပြောသည်။
ဒုတိယနှစ်နှင့် အထက် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းများကို မေလ ၁၆ ရက်တွင် နောက်ဆုံးထားပြီး ပြုလုပ်ရမည်ဖြစ်သလို ပထမနှစ်ဝက်၏ စာစဉ်များကို ဇွန်လ ၃၀ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။
ဒုတိယနှစ် ၀င်စာစဉ်များကို သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ကြေညာထားသည်။
ဒုတိယနှစ်နှင့်အထက် သင်တန်းများတွင် သိပ္ပံအထူးပြု ဘာသာရပ်များ၏ လက်တွေ့သင်တန်းများကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်တက်ရောက်ရမည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today