အဝေးသင်တက္ကသိုလ်တွင် ကျောင်းအပ်နိုင်ပြီ

အဝေးသင်တက္ကသိုလ်တွင် ကျောင်းအပ်နိုင်ပြီ

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ လျှောက်ထားသော အဝေးသင်တက္ကသိုလ်ဝင်ခွင့်များကို အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ပေးထားပြီးဖြစ်ပါသည်။

ဝင်ခွင့်ရရှိသူများအနေဖြင့် ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီလ ၂ ရက်မှ စတင်ပြီး အဝေးသင်တက္ကသိုလ် ဌာနခွဲအသီးသီးတွင် စာရင်းပေးသွင်းပြီး ကျောင်းအပ်နိုင်ပြီဖြစ်ပါသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့စဉ်က နေ့သင်တန်းတက်ရောက်ရန် လျှောက်ထားခဲ့သော်လည်း ယခုအခါ အဝေးသင်တက္ကသိုလ်သို့ ပြန်လည်ပြောင်းရွှေ့လိုခြင်းနှင့် အဝေးသင်တက္ကသိုလ်မှ နေ့သင်တန်းသို့ ပြည်လည်ပြောင်းရွှေ့လိုပါကလည်း စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

ကျောင်းအပ်လို့ရနေပါပြီ။ မိမိက အနောက်ပိုင်းတက္ကသိုလ်မှာ ၀င်ခွင့်ရရှိထားတယ်ဆိုရင် အနောက်ပိုင်း တက္ကသိုလ်မှာ သွားပြီး ကျောင်းအပ်ရမှာ ဖြစ်ပါသည်။

ယခုနှစ်တွင် ပထမနှစ် နေ့သင်တန်းများသို့ ၀င်ခွင့်ရရှိထားသူများ၏ နောက်ဆုံးကျောင်းအပ်ရက်မှာ ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီလ ၃ ရက်နေ့ဖြစ်သော်လည်း အဝေးသင်ဝင်ခွင့်ရရှိခဲ့ပြီး နေ့သင်တန်းများသို့ ပြန်လည်ပြောင်းရွှေ့သူများရှိခြင်းကြောင့် ပထမနှစ်ကျောင်းအပ်လက်ခံခြင်းကို ရက်ထပ်မံတိုးမြှင့်ပေးမည် ဖြစ်ပါသည်။

ကျောင်းအပ်တာတွေကို လာမယ့်နှစ်လအတွင်း မတ်လလောက်အထိ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ကျောင်းအပ်လို့ပေးရတဲ့ ကျောင်းအပ်ခတွေကလည်း အပြောင်းအလဲမရှိပါဘူး။ အရင်နှစ်ကအတိုင်းပါပဲ ဖြစ်ပါသည်။

Source: democracy

News Read 5117 times