ပထမနှစ်ကျောင်းသားများအတွက် မှတ်ပုံတင်ကြေး ၅၀ ကျပ်၊ ကျောင်းဝင်ကြေး ၅၀ ကျပ်၊ စာသင်နှစ်တစ်နှစ်စာ သင်တန်းကြေး ၁၅၀၀ ကျပ်၊ စာအုပ်ဖိုးနှင့် သင်ခန်းစာပို့ချချက် CD ခွေ ၁၅၀၀၀ ကျပ်၊ သိပ္ပံဘာသာရပ်များအတွက် ဓာတ်ခွဲခန်းကြေး ၃၀၀ ကျပ်၊ စာမေးပွဲ ၀င်ကြေး ၁၀၀ ကျပ်သာ တရားဝင် ကောက်ခံခြင်း ဖြစ်သည်။
READ - န၀မတန်း၊ ဒသမတန်းအောင် တိုင်းရင်းသားဒေသခံငါးထောင်ကျော်ကို နေ့စားလပေးဆရာများအဖြစ် စတင်ခန့်ထား
ကျောင်းသား၊ ကျောင်းသူများအနေနှင့် ယခင်နှစ်များက စာစဉ်ကြေး ပေးသွင်းရခြင်းသည်လည်း အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် သက်ဆိုင်မှုမရှိဘဲ ကျောင်းတွင်း ပြဿနာများသာ ဖြစ်ကြောင်း ဒေါက်တာအောင်အောင်မင်းက တုံ့ပြန်သည်။
ယခုနှစ် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ပထမနှစ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် အဝေးသင် တက္ကသိုလ်ကျောင်းအပ်ခြင်းကို ဇန်န၀ါရီလ ၂ရက်မှ စ၍ မတ်လကုန်အထိ အ၀းသင်တက္ကသိုလ်ဌာနခွဲများတွင် ကျောင်းအပ်နိုင်မည် ဖြစ်သည်။
ပြီးခဲ့သည် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး အနေနှင့် ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်ဌာနခွဲများတွင် တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၅၁၀,၀၀၀ ကျော်ရှိပြီး အဝေးသင်စာမေးပွဲဖြေဆိုသူ ၄၅၀,၀၀၀ နီးပါးရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: thevoicemyanmar