အဝေးသင်ဒုတိယအသုတ်များ၏ စာမေးပွဲရက်များ ပြောင်းလဲသတ်မှတ်
အဝေးသင်ဒုတိယအသုတ်များ၏ စာမေးပွဲရက်များ ပြောင်းလဲသတ်မှတ်
ထို့ကြောင့် အဝေးသင်ဒုတိယအသုတ်များ၏ စာမေးပွဲဖြေဆိုရက်သည် ယခင်သတ်မှတ်ထားသည့် အောက်တိုဘာ (၂၈) ရက်မှ နိုဝင်ဘာ () ရက်အစား အောက်တိုဘာ (၂၉) မှ နိုဝင်ဘာ () ရက်သို့ပြောင်းရွှေ့လိုက်ကြောင်းသိရပါတယ်။
ဒုတိယအသုတ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာနှင့် ဒဿနိကဗေဒအတွက် အနီးကပ်သင်တန်းပို့ခြင်းကို အောက်တိုဘာ (၁၀) ရက်မှ (၂၄) အထိ (၁၀) ရက်ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ (၁၁) ရက်မှ (၁၅) ရက်အထိ () ရက်သည် သီတင်းကျွတ်ရုံးပိတ်ရက်များဖြစ်သည့်အတွက် သင်တန်းပိတ်မည်ဖြစ်ပါတယ်။
တတိယအသုတ်များဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာအတွက် အနီးကပ်သင်တန်းပို့ချခြင်းကို နိုဝင်ဘာ () ရက်မှ (၁၈) ရက်အထိ (၁၀) ရက်ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ (၁၀) ရက်မှ (၁၂) ရက်အထိ () ရက်သည်တန်ဆောင်တိုင်ရုံးပိတ်ရက်များဖြစ်သည့်အတွက်သင်တန်းပိတ်မည်ဖြစ်ကြောင်းသိရပါတယ်။
အဝေးသင် သိပ္ပံဘာသာရပ်များ၏ စာမေးပွဲစစ်ဆေးခြင်းများကို အောက်တိုဘာ () ရက်မှ စတင်စစ်ဆေးနေပြီး () ရက်တွင်ပြီးဆုံးမည်ဖြစ်ကြောင်း သိရပါတယ်။
Source: Daily Eleven
အဝေးသင် ဒုတိယအသုတ်များ၏ စာမေးပွဲရက်ပြောင်းရွှေ့လိုက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားထားပါတယ်။
၂၀၁၉ ပညာသင်နှစ် အဝေးသင် သင်တန်းအသီးသီး၏ ဒုတိယအသုတ် စာမေးပွဲဖြေဆိုမည့်ရက်အား ယခင်က အောက်တိုဘာ (၂၈) ရက်မှ စဖြေရမည်ဟု သတ်မှတ်ထားရာ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သောကြောင့် အောက်တိုဘာ (၂၉) ရက်တွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။
“ အဲ့ဒီနေ့မှာ (အောက်တိုဘာ ၂၈) ဖြေဆိုမယ့်ဘာသာက (၅) ရက် (၁၁) လပိုင်းကို ပြောင်းသွားတာ။ ပထမဆုံးဖြေရမယ့် ဘာသာက နောက်ဆုံးနေ့ ရောက်သွားတာပေါ့။ အဲဒီတစ်ဘာသာပဲ ပြောင်းတာ၊ ကျန်တဲ့ဘာသာတွေက ပုံမှန်အတိုင်းပဲ" ဟုပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကပြောကြားပါတယ်။
ထို့ကြောင့် အဝေးသင်ဒုတိယအသုတ်များ၏ စာမေးပွဲဖြေဆိုရက်သည် ယခင်သတ်မှတ်ထားသည့် အောက်တိုဘာ (၂၈) ရက်မှ နိုဝင်ဘာ (၄) ရက်အစား အောက်တိုဘာ (၂၉) မှ နိုဝင်ဘာ (၅) ရက်သို့ပြောင်းရွှေ့လိုက်ကြောင်းသိရပါတယ်။
ဒုတိယအသုတ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာနှင့် ဒဿနိကဗေဒအတွက် အနီးကပ်သင်တန်းပို့ခြင်းကို အောက်တိုဘာ (၁၀) ရက်မှ (၂၄) အထိ (၁၀) ရက်ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ (၁၁) ရက်မှ (၁၅) ရက်အထိ (၅) ရက်သည် သီတင်းကျွတ်ရုံးပိတ်ရက်များဖြစ်သည့်အတွက် သင်တန်းပိတ်မည်ဖြစ်ပါတယ်။
တတိယအသုတ်များဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာအတွက် အနီးကပ်သင်တန်းပို့ချခြင်းကို နိုဝင်ဘာ (၆) ရက်မှ (၁၈) ရက်အထိ (၁၀) ရက်ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ (၁၀) ရက်မှ (၁၂) ရက်အထိ (၃) ရက်သည်တန်ဆောင်တိုင်ရုံးပိတ်ရက်များဖြစ်သည့်အတွက်သင်တန်းပိတ်မည်ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာစာမေးပွဲစစ်ဆေးခြင်းကို နိုဝင်ဘာ (၂၀) ရက်မှ (၂၈) ရက်အထိကျင်းပမည်ဖြစ်ပါတယ်။
English (866) အင်္ဂလိပ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (866) ခုရှာရန်နှိပ်ပါ။
နိုဝင်ဘာ (၂၁) ရက်သည် အမျိုးသားအောင်ပွဲနေ့ ရုံးပိတ်ရက်ဖြစ်ပြီး ဒီပါလီနေ့အတွက် ကျရောက်မည့်နေ့ရက်ပါဝင်ပါက နိုဝင်ဘာ (၂၉) ရက်တွင် စာမေးပွဲပြီးဆုံးမည်ဖြစ်ကြောင်းသိရပါတယ်။
အဝေးသင် သိပ္ပံဘာသာရပ်များ၏ စာမေးပွဲစစ်ဆေးခြင်းများကို အောက်တိုဘာ (၁) ရက်မှ စတင်စစ်ဆေးနေပြီး (၈) ရက်တွင်ပြီးဆုံးမည်ဖြစ်ကြောင်း သိရပါတယ်။
ပထမနှစ်စီးပွားရေးပညာနှင့် စီးပွားစီမံပညာ အထူးပြုဘာသာရပ်တို့အတွက် အနီးကပ်ပို့ချခြင်းနှင့် စာမေးပွဲကျင်းပခြင်းတို့ကို သတ်မှတ်ကာလအတွင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် အစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာမှ သိရပါတယ်။
အဝေးသင်ကျောင်းသားများ၏ ကိစ္စရပ်များကို အဝေးသင်တက္ကသိုလ်များက ပြုလုပ်ရမည်မဟုတ်တော့ဘဲ သက်ဆိုင်ရာ ကျောင်းများက ဆောင်ရွက်ရန် ပညာရေးဝန်ကြီဌာနက ညွှန်ကြားထားကြောင်းသိရပါတယ်။
Read More:>>> အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် MCC Group တို့ ပူးပေါင်းဖွင့်လှစ်မည့်သင်တန်း
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိအဝေးသင်တက္ကသိုလ်များ၏ ယခုနှစ် ဒီဇင်ဘာတွင်ဖွင့်လှစ်မည့် အဝေးသင် သင်တန်းနှစ်များအားလုံးအတွက် ကျောင်းအပ်လက်ခံခြင်း၊ သင်တန်းပို့ချခြင်း၊ စာစဉ်ပြုလုပ်ခြင်း၊ စာစဉ်စစ်ဆေးခြင်း၊ စာတွေ့လက်တွေ့သင်ကြားမှုများ ဆောင်ရွက်ခြင်း၊ မေးခွန်းလွှာများပြုစုခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း၊ ဘွဲ့နှင်းသဘင်ကျင်းပခြင်း စသည့်လုပ်ငန်းများကို သက်ဆိုင်ရာတက္ကသိုလ်များက ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားကြောင်းသိရပါတယ်။
ယခင်က ထိုလုပ်ငန်းများကို ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့မှ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
Source: Daily Eleven
News Read 3013 times