အမြဲတမ်းပညာရေးဝန်ထမ်းများ အဝေးသင်တက္ကသိုလ်စာမေးပွဲ တက်ရောက်ဖြေဆိုကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အဝေးသင်တက္က သိုလ်စာမေးပွဲအတွက် အနီးကပ်သင်တန်းများ တက်ရောက် ကြသည့်ကာလနှင့် စာမေးပွဲဖြေဆိုသည့်ကာလကို တာဝန် ချိန်အဖြစ် သတ်မှတ်ပေးနိုင်ရန်အတွက် အဆင့်ဆင့်တင်ပြ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက အကြောင်းကြားစာ ထုတ်ပြန်ထားသည်။
‘အဝေးသင်တက်ဖို့ ဆရာ၊ ဆရာမတွေက သူတို့ဆီက ရှောင်တခင်ခွင့်ရယ်၊ လုပ်သက်ခွင့်ရယ်ယူရင် အဝေးသင် တက်တဲ့ကာလမှာ ပြီးသွားမှာပေါ့။ လုပ်သက်ခွင့် ဆရာ၊ ဆရာမတစ်ယောက်က နှစ်လအများဆုံး စုဆောင်းထား လို့ရတယ်။ အဲဒီလို သူတို့လုပ်သက်ခွင့်ယူလိုက်ရင် အဝေး သင်တက်တဲ့ ကာလက ၄၅ ရက်လောက်ပဲဆိုတော့ အဆင် ပြေသွားတာ ပေါ့။
ရက်ရှည်သင်တန်းတက်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း လစာပြည့်နဲ့ ခွင့်ပေးထားပါတယ်’ ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးရဲလင်းမြင့်က ပြောဆိုသည်။
အဝေးသင်တက္ကသိုလ် စာမေးပွဲအတွက် အနီးကပ် သင်တန်းများ တက်ရောက်ကြမည့် အမြဲတမ်းပညာရေး ဝန်ထမ်းများ စာရင်းအား အခြေခံပညာဦးစီးဌာန စီမံကိန်း၊ စာရင်းအင်း၊ မှတ်တမ်းဌာန email; dbeplanning 05@ gmail.com သို့ နိုဝင်ဘာ ၁ ရက်အရောက် တင်ပြစာနှင့်အတူ မပျက်မကွက်ပေးပို့တင်ပြရန်နှင့် သင်တန်းတက်ရောက်မည့် သူများမရှိက မရှိကြောင်း တင်ပြန်ရန် အကြောင်းကြားကြောင်း အခြေခံပညာဦးစီးဌာနက အကြောင်းကြားစာတွင် ဖော်ပြထားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: စံတော်ချိန်