အဝေးသင် သင်တန်းများ နှစ်ကြိမ်ခွဲဖွင့်လှစ်ခြင်းကို ၂၀၂၂ ခုနှစ်တွင် အကောင်အထည်ဖော်မည်

အဝေးသင် သင်တန်းများ နှစ်ကြိမ်ခွဲဖွင့်လှစ်ခြင်းကို ၂၀၂၂ ခုနှစ်တွင် အကောင်အထည်ဖော်မည်

အဝေးသင် ဝိဇ္ဇာဘာသာရပ်သင်တန်းများကို နှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်မည့် ကိစ္စအား နောက်သုံးနှစ်အကြာတွင် အကောင်အထည် ဖော်မည် ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ အဝေးသင် သင်တန်းများတွင် တက်ရောက်နေသာ ဝိဇ္ဇာဘာသာတွဲ ကျောင်းသား၊ ကျောင်းသူများ၏ အနီးကပ်သင်တန်းများကို မေလတွင် တစ်ကြိမ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တစ်ကြိမ် စီခွဲကာ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် အဆိုပါ အစီအစဉ်ကို ရပ်ဆိုင်းပြီး ယခင်စနစ်အတိုင်းသာ အနီးကပ် ဆယ်ရက် တစ်ပေါင်းတည်း တက်ရောက်ရန် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အနီးကပ်သင်တန်း နှစ်ကြိမ် ခွဲကာ ပြုလုပ်မည့် ကိစ္စကို လာမည့် ၂၀၂၂ ခုနှစ်တွင် စတင်မည် ဖြစ်ကြောင်း အဆင့်မြင်ပညာဦးစီးဌာနမှ သိရသည်။

အဝေးသင်အနီးကပ်သင်တန်းများကို နှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်ရန် အတွက် ဆောင်ရွက်ခြင်းမှာ စာစဉ်များ တင်သွင်းရာတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ရေသား တင်သွင်းစေလိုခြင်း၊ လိုအပ်သည့် စာအုပ် စာတမ်းများကို လက်ဝယ်ရရှိစေလိုခြင်းတို့ကြောင့် တက္ကသိုလ်များ သဘောဆန္ဒတောင်းခံကာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

"သွားချင်တာကတော့ အပြောင်းအလဲနဲ့ ထိရောက်တဲ့ စနစ်တစ်ခုဖြစ်ဖို့အတွက် လုပ်တာပေါ့။ တစ်ဖက်က အလုပ်အကိုင်နဲ့  အဆင်မပြေဘူးဆိုတဲ့ သဘောထားတွေကြောင့် သွားလို့ မရဘူးပေါ့။ အရည်အသွေးရှိတဲ့ ပညာရေးဖြစ်ဖို့အတွက် အပြောင်းအလဲကတော့ လုပ်မှရမှာ။ အဲဒီအတွက် အချိန်ကို ကြိုယူပြီးတော့ အဆင်ပြေနိုင်မည့် နည်းလမ်းတွေ၊ သဘောထားတွေနဲ့ ပြောင်းလဲရမှာပါ။ ဘာမှ မလုပ်ရင်တော့ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး" ဟု ပြောကြားသည်။

လက်ရှိတွင် အဝေးသင် ပညာရေးစနစ်သစ်တစ်ခုအဖြစ် တက္ကသိုလ်တစ်ခုတည်းတွင် နေ့သင်တန်းနှင့် အဝေးသင် သင်တန်းများအား တက္ကသိုလ်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ပြီး အနီးကပ်သင်တန်းများကိုလည်း ထပ်မံပြောင်းလဲနိုင်ရန် စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများ ကြောင့် ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ပါသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဝေးသင် သင်တန်း အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူ ငါးသိန်းကျော် တက်ရောက်နေသည်။

source: democracy

News Read 2575 times