**Unicode**
အဝေးသင်သင်တန်းများ၏ အနီးကပ်သင်တန်းများကို အောက်တိုဘာ (၁၀) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကကြေညာထားပါတယ်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များရှိအဝေးသင်သင်တန်းများ၏ (၂၀၁၉) ပညာသင်နှစ် အနီးကပ်သင်တန်းများ ပို့ချခြင်းများနှင့် စာမေးပွဲစစ်ဆေးခြင်းများကို အောက်တိုဘာနှင့် နိုဝင်ဘာတွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။
အဝေးသင်သိပ္ပံဘာသာရပ်များ၏ စာမေးပွဲစစ်ဆေးခြင်းများကို အောက်တိုဘာ (၁) ရက်မှ (၈) ရက်အထိကျင်းပမည်ဖြစ်ပါတယ်။
ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာနှင့် ဒဿနိကဗေဒအတွက် အနီးကပ်သင်တန်းပို့ချခြင်းကို အောက်တိုဘာ (၁၀) ရက်မှ (၂၄) ရက်အထိ (၁၀) ရက်ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ (၁၁) ရက်မှ (၁၅) ရက်အထိ သည် သီတင်းကျွတ်ရုံးပိတ်ရက်များဖြစ်သည့်အတွက် သင်တန်းပိတ်မည်ဖြစ်ပါတယ်။
ယင်းဘာသာရပ်များအတွက် စာမေးပွဲစစ်ဆေးခြင်းများကို အောက်တိုဘာ (၂၈) ရက်မှ နိုဝင်ဘာ (၁၄) ရက်အထိ ကျင်းပမည်ဖြစ်ပါတယ်။
မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာအတွက် အနီးကပ်သင်တန်းပို့ချခြင်းကို နိုဝင်ဘာ (၆) ရက်မှ (၁၈) ရက်အထိ (၁၀) ရက်ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ (၁၀) ရက်မှ (၁၂) ရက်အထိ (၃) ရက်သည် တန်ဆောင်တိုင်ရုံးပိတ်ရက်များဖြစ်သည့်အတွက် သင်တန်းပိတ်မည်ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံစာမေးပွဲစစ်ဆေးခြင်းကို နိုဝင်ဘာ (၂၀) ရက်မှ (၂၈) ရက်အထိကျင်းပမည်ဖြစ်ပါတယ်။
နိုဝင်ဘာ (၂၁) ရက်သည် အမျိုးသားအောင်ပွဲနေ့ ရုံးပိတ်ရက်ဖြစ်ပြီး ဒီပါဝလီနေ့အတွက် ကျရောက်မည့် နေ့ရက်ပါဝင်ပါက နိုဝင်ဘာ (၂၉) ရက်တွင် စာမေးပွဲပြီးဆုံးမည်ဖြစ်ကြောင်းသိရပါတယ်။
ပထမနှစ်စီးပွားရေးပညာနှင့် စီးပွားစီမံပညာ အထူးပြုဘာသာရပ်တို့အတွက် အနီးကပ်ပို့ချခြင်းနှင့် စာမေးပွဲကျင်းပခြင်းတို့ကို သတ်မှတ်ကာလအတွင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် အစီအစဉ်ဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
အဝေးသင်ကျောင်းသားများ၏ ကိစ္စရပ်များကို အဝေးသင်တက္ကသိုလ်များကပြုလုပ်ရမည်မဟုတ်တော့ဘဲ သက်ဆိုင်ရာကျောင်းများကဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက ညွှန်ပြထားကြောင်းသိရပါတယ်။
ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အဝေးသင်တက္ကသိုလ်များ၏ ယခုနှစ်ဒီဇင်ဘာတွင်ဖွင့်လှစ်မည့် အဝေးသင်သင်တန်းနစ်များအားလုံးအတွက် ကျောင်းအပ်လက်ခံခြင်း၊ သင်တန်းပို့ချခြင်း၊ စာစဉ်ပြုလုပ်ခြင်း၊ စာစဉ်စစ်ဆေးခြင်း၊ စာတွေ့လက်တွေ့သင်ကြားမှုများဆောင်ရွက်ခြင်း၊ မေးခွန်းလွှာပြုစုခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း၊ ဘွဲ့နှင်းသဘင်ကျင်းပခြင်း စသည့်လုပ်ငန်းများကို သက်ဆိုင်ရာတက္ကသိုလ်များက ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားကြောင်းသိရပါတယ်။
ယခင်ကထိုလုပ်ငန်းများကို ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့မှ ဆောင်ရွက်ပြီးယခုအခါ သက်ဆိုင်ရာကျောင်းများသို့ လုပ်ငန်းဆောင်တာများ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။
Source: Daily Eleven
**Zawgyi**
အေဝးသင္သင္တန္းမ်ား၏ အနီးကပ္သင္တန္းမ်ားကို ေအာက္တိုဘာ (၁၀) ရက္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနကေၾကညာထားပါတယ္။
တကၠသိုလ္၊ ဒီဂရီေကာလိပ္ႏွင့္ ေကာလိပ္မ်ားရွိအေဝးသင္သင္တန္းမ်ား၏ (၂၀၁၉) ပညာသင္ႏွစ္ အနီးကပ္သင္တန္းမ်ား ပို႔ခ်ျခင္းမ်ားႏွင့္ စာေမးပဲြစစ္ေဆးျခင္းမ်ားကို ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာတြင္က်င္းပသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။
အေဝးသင္သိပၸံဘာသာရပ္မ်ား၏ စာေမးပြဲစစ္ေဆးျခင္းမ်ားကို ေအာက္တိုဘာ (၁) ရက္မွ (၈) ရက္အထိက်င္းပမည္ျဖစ္ပါတယ္။
Badges/Emblems & Medals (1) အမွတ္တံဆိပ္ဝန္ေဆာင္မႈႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။
ဝိဇၨာဘာသာရပ္မ်ားျဖစ္သည့္ အဂၤလိပ္စာ၊ ဥပေဒပညာ၊ ပထဝီဝင္၊ စိတ္ပညာ၊ အေရွ႕တုိင္းပညာႏွင့္ ဒႆနိကေဗဒအတြက္ အနီးကပ္သင္တန္းပို႔ခ်ျခင္းကို ေအာက္တိုဘာ (၁၀) ရက္မွ (၂၄) ရက္အထိ (၁၀) ရက္က်င္းပမည္ျဖစ္ၿပီး ေအာက္တိုဘာ (၁၁) ရက္မွ (၁၅) ရက္အထိ သည္ သီတင္းကြ်တ္ရံုးပိတ္ရက္မ်ားျဖစ္သည့္အတြက္ သင္တန္းပိတ္မည္ျဖစ္ပါတယ္။
ယင္းဘာသာရပ္မ်ားအတြက္ စာေမးပဲြစစ္ေဆးျခင္းမ်ားကို ေအာက္တိုဘာ (၂၈) ရက္မွ ႏိုဝင္ဘာ (၁၄) ရက္အထိ က်င္းပမည္ျဖစ္ပါတယ္။
ျမန္မာစာ၊ သမိုင္း၊ စီးပြားေရးပညာႏွင့္ စီးပြားစီမံပညာအတြက္ အနီးကပ္သင္တန္းပို႔ခ်ျခင္းကို ႏိုဝင္ဘာ (၆) ရက္မွ (၁၈) ရက္အထိ (၁၀) ရက္က်င္းပမည္ျဖစ္ၿပီး ႏိုဝင္ဘာ (၁၀) ရက္မွ (၁၂) ရက္အထိ (၃) ရက္သည္ တန္ေဆာင္တိုင္ရံုးပိတ္ရက္မ်ားျဖစ္သည့္အတြက္ သင္တန္းပိတ္မည္ျဖစ္ေၾကာင္းသိရပါတယ္။
အဆိုပါ ျမန္မာစာ၊ သမိုင္း၊ စီးပြားေရးပညာႏွင့္ စီးပြားစီမံစာေမးပဲြစစ္ေဆးျခင္းကို ႏိုဝင္ဘာ (၂၀) ရက္မွ (၂၈) ရက္အထိက်င္းပမည္ျဖစ္ပါတယ္။
Bookshops (431) စာအုပ္အေရာင္းဆုိင္မ်ားႏွင့္ ပတ္သက္ျပီး (431) ခုရွာရန္ႏွိပ္ပါ။
ႏိုဝင္ဘာ (၂၁) ရက္သည္ အမ်ိဳးသားေအာင္ပဲြေန႔ ရံုးပိတ္ရက္ျဖစ္ၿပီး ဒီပါဝလီေန႔အတြက္ က်ေရာက္မည့္ ေန႔ရက္ပါဝင္ပါက ႏိုဝင္ဘာ (၂၉) ရက္တြင္ စာေမးပဲြၿပီးဆံုးမည္ျဖစ္ေၾကာင္းသိရပါတယ္။
ပထမႏွစ္စီးပြားေရးပညာႏွင့္ စီးပြားစီမံပညာ အထူးျပဳဘာသာရပ္တို႔အတြက္ အနီးကပ္ပို႔ခ်ျခင္းႏွင့္ စာေမးပဲြက်င္းပျခင္းတို႔ကို သတ္မွတ္ကာလအတြင္း ရန္ကုန္စီးပြားေရးတကၠသိုလ္၊ မံုရြာစီးပြားေရးတကၠသိုလ္၊ မိတၳီလာစီးပြားေရးတကၠသိုလ္ အစီအစဥ္ျဖင့္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရပါတယ္။
အေဝးသင္ေက်ာင္းသားမ်ား၏ ကိစၥရပ္မ်ားကို အေဝးသင္တကၠသိုလ္မ်ားကျပဳလုပ္ရမည္မဟုတ္ေတာ့ဘဲ သက္ဆိုင္ရာေက်ာင္းမ်ားကေဆာင္ရြက္ရန္ ပညာေရးဝန္ႀကီးဌာနက ညႊန္ျပထားေၾကာင္းသိရပါတယ္။
ပညာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ အေဝးသင္တကၠသိုလ္မ်ား၏ ယခုႏွစ္ဒီဇင္ဘာတြင္ဖြင့္လွစ္မည့္ အေဝးသင္သင္တန္းနစ္မ်ားအားလံုးအတြက္ ေက်ာင္းအပ္လက္ခံျခင္း၊ သင္တန္းပို႔ခ်ျခင္း၊ စာစဥ္ျပဳလုပ္ျခင္း၊ စာစဥ္စစ္ေဆးျခင္း၊ စာေတြ႔လက္ေတြ႔သင္ၾကားမႈမ်ားေဆာင္ရြက္ျခင္း၊ ေမးခြန္းလႊာျပဳစုျခင္း၊ စာေမးပဲြက်င္းပျခင္း၊ အေျဖလႊာစစ္ေဆးျခင္း၊ ေအာင္စာရင္းထုတ္ျပန္ျခင္း၊ ဘဲြ႔ႏွင္းသဘင္က်င္းပျခင္း စသည့္လုပ္ငန္းမ်ားကို သက္ဆိုင္ရာတကၠသိုလ္မ်ားက ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ညႊန္ၾကားထားေၾကာင္းသိရပါတယ္။
ယခင္ကထိုလုပ္ငန္းမ်ားကို ရန္ကုန္အေဝးသင္တကၠသိုလ္နွင့္ မႏၱေလးအေဝးသင္တကၠသိုလ္တုိ႔မွ ေဆာင္ရြက္ၿပီးယခုအခါ သက္ဆိုင္ရာေက်ာင္းမ်ားသို႔ လုပ္ငန္းေဆာင္တာမ်ား လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ပါတယ္။
Source: Daily Eleven