အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် စာစဉ်များ သြဂုတ်လကုန် နောက်ဆုံးတင်ရမည်

အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် စာစဉ်များ သြဂုတ်လကုန် နောက်ဆုံးတင်ရမည်

အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့် အထက် သင်တန်းများ ကို ဖေဖော်ဝါရီ ၂ရက်က စတင်ဖွင့်လှစ်ထားပြီး ကျောင်းအပ်နှံရက်ကို မေလ ကုန်ဟု မူလကသတ်မှတ်ထားရာမှ ဇွန်လကုန်အထိ တိုးမြှင့်အပ်နှံခွင့်ပြုခဲ့သည်။

ကျောင်းဝင်မှတ်ပုံတင်ရက်ကျော်လွန်သဖြင့် ကျောင်းဝင်မှတ်ပုံတင်ခြင်း မပြုခဲ့ရသော ဒုတိယနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ အကြောင်းပြချက် ခိုင်လုံစွာ တင်ပြလာပါက သက်ဆိုင်ရာ ပါမောက္ခချုပ်ကျောင်းအုပ်ကြီးများ အစီအစဉ်ဖြင့် ဇွန်လ ၁၅ ရက်အထိ စိစစ်လက်ခံရန် ထပ်တိုးသတ်မှတ်ခဲ့သည်။

အဝေးသင်တက္ကသိုလ်စာမေးပွဲကို ပညာသင်နှစ်တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပပြီး သတ်မှတ်ထားသော စာစဉ်များ ဖြေဆိုတင်သွင်းမှသာ စာမေးပွဲဖြေဆိုခွင့်ပြုသည်။

အဝေးသင်တက္ကသိုလ်စာစဉ်များကို သတ်မှတ်ရက်အတွင်း အချိန်မီမတင်သွင်းပါက Incomplete သတ်မှတ်ပြီး စာမေးပွဲကျရှုံးမည်ဟု  ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ကြေညာထားသည်။

စာစဉ်များကို သင်တန်းသားကိုယ်တိုင် လက်ရေးဖြင့် သတ်မှတ်စာစဉ် အဖြေလွှာများပေါ်တွင် ဖြေဆိုရန် သတိပေးထားပြီး အခြားသူများကို ဖြေခိုင်းထားသည်ကို စစ်ဆေးတွေ့ရှိပါက စာစဉ်အတွက် လုံးဝအမှတ်ပေးမည်မဟုတ်ဟု သတ်မှတ်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် န်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်လက်အောက်တွင် အဝေးသင်တက္ကသိုလ်ဌာနခွဲ ၃၆ ခုရှိသည်။

အဝေးသင်တက္ကသိုလ်များတွင်

1. မြန်မာစာ၊

2.အင်္ဂလိပ်စာ၊

3.ပထ၀ီဝင်၊

4.သမိုင်း၊

5.ဒဿနိကဗေဒ၊

6.စိတ်ပညာ၊

7.အရှေ့တိုင်းပညာ၊

8.ဥပဒေပညာ

9.ဓာတုဗေဒေ၊

10.ရူပဗေဒ၊

11.သင်္ချာ၊

12.သတ္တဗေဒ၊

13.ရုက္ခဗေဒ၊

14.စီးပွားရေးပညာ၊

15.စီးပွားစီမံပညာ ဟူသည့် အထူးပြုဘာသာရပ် ၁၅ ခု သင်ကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day news

News Read 1527 times