၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကြီးကြပ်ရေးမှူးများ လိုက်နာရမည့် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယခုလတွင် ပြုလုပ်မည်

၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကြီးကြပ်ရေးမှူးများ လိုက်နာရမည့် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယခုလတွင် ပြုလုပ်မည်

ကြီးကြပ်ရေးမှူးများအား လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်တွင် ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub တွင် ကျင်းပမည့် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

READ - ရန်ကုန်တက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် သင်တန်းအသီးသီးကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်

“တက်ရောက်မယ့် ဆရာ၊ ဆရာ ကိုယ်စားလှယ်တွေထဲမှာ မနှစ်က လုပ်တဲ့စာမေးပွဲမှာ ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ ပါဝင်သလို ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ပေးမယ့် ဆရာ၊ ဆရာမ အသစ်တွေလည်း ပါမယ်။ တက္ကသိုလ်ဝင်တန်းမှာ ကြီးကြပ်ရေးမှူးတွေကို ချမှတ်ထားတယ်။ အကြောင်းတစ်ခုခုကြုံလာရင် စည်းကမ်းနဲ့အညီ ဘယ်လိုဖြေရှင်းရမယ်ဆိုတာမျိုးတွေကို ဆွေးနွေးပေးမှာပါ” ဟု ပြောသည်။

ထိုဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်မှ စတင်ပြီး ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အောက်မြန်မာပြည်ရှိ ရန်ကုန်တိုင်းဒေသကြီးနှင့် သွားလာရေး အဆင်ပြေသည့် အောက်မြန်မာပြည်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်မည်ဖြစ်သည်။

ယခုနှစ်တွင် ထိုဆွေးနွေးပွဲကို နေရာသုံးနေရာခွဲပြီး ကျင်းပမည် ဖြစ်ရာ နေပြည်တော်နှင့် မန္တလေးတို့တွင်လည်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4015 times