အဝေးသင်တက္ကသိုလ်များတွင် အနီးကပ်နှစ်ကြိမ် တက်ရမည့် အစီအစဉ်ကို ပြန်လည်စဉ်းစားမည်ဟု ပညာရေးဒုဝန်ကြီးပြော

အဝေးသင်တက္ကသိုလ်များတွင် အနီးကပ်နှစ်ကြိမ် တက်ရမည့် အစီအစဉ်ကို ပြန်လည်စဉ်းစားမည်ဟု ပညာရေးဒုဝန်ကြီးပြော

အဝေးသင်တက္ကသိုလ်များ၌ အနီးကပ်သင်တန်းနှစ်ကြိမ် တက်ရမည့်အစီအစဉ်ကို ကန့်ကွက်မှုများရှိသဖြင့် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ယမန်နေ့ လွှတ်တော် အပြီးတွင် ပြောသည်။

အဆိုပါ အဝေးသင်အနီးကပ်သင်တန်း နှစ်ကြိမ်တက်ရမည့် အစီအစဉ်ကို သင် ကြားမှုပိုင်းတွင် ပိုမိုထိရောက်မှုရှိစေရန်ရည်ရွယ်ကာ စတင်လုပ်ဆောင်ရန်စီစဉ်သော်လည်း ထိရောက်မှုမရှိပါက ပြန်လည်စဉ်းစားရမည် ဟု ဦးဝင်းမော်ထွန်းက ပြောသည်။

နယ်အသီးသီးရှိ အဝေးသင်တက္ကသိုလ် ပါမောက္ခ၊ ဆရာ၊ဆရာမများအနေဖြင့် ယင်းတို့တက္ကသိုလ် ရှိ ကျောင်းသူ၊ ကျောင်းသား များ၏ အသံကိုနားထောင်ကာ ပိုမိုထိရောက်မှုရှိသည့် စနစ်ဖြစ်လာစေရန် ညှိနှိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က အဝေးသင်တက္ကသိုလ်များတွင် အနီးကပ်ကျောင်း တက်ရက်ကို ၁၀ ရက်စီဖြင့် တစ်နှစ်လျှင် တစ်ကြိမ်သာတက်ရ သည်။ ယခုကျင့်သုံးမည့် စနစ်သစ်၌ တစ်နှစ်လျှင် အနီးကပ်နှစ် ကြိမ် တက်ရမည်ဖြစ်ပြီး မေလတွင် ငါးရက်၊ နိုဝင်ဘာတွင် ငါးရက်နှစ်ကြိမ်ခွဲ တက်ရမည်ဟု ပညာ ရေးဝန်ကြီးဌာနက ကြေညာထား သည်။

ယင်းအဝေးသင်စနစ်သစ်  အစီအစဉ်ကို ကျင့်သုံးရန် သက်ဆိုင်ရာ အဝေးသင်ဌာနများမှ ပါမောက္ခများက ၀န်ကြီးဌာနသို့ တင်ပြလာသဖြင့် ကျောင်းသားများအတွက် ကောင်းမွန်မည်ဆို ပါက ဆောင်ရွက်ရန် ခွင့်ပြု ခဲ့ကြောင်း ဦးဝင်းမော်ထွန်းက ပြောသည်။

အနီးကပ်နှစ်ကြိမ် ခွဲတက်ရမည့် စနစ်သစ်ကြောင့် အလုပ်တစ်ဖက်နှင့် အဝေးသင်တက်နေသည့် ကျောင်းသားများအတွက် အခက်အခဲရှိမည်ကို နားလည်ကြောင်း ၎င်းကဆိုသည်။

အဝေးသင်တက္ကသိုလ် ၀ိဇ္ဇာအထူးပြုဘာသာရပ်များ အနီးကပ်သင်တန်း နှစ်ကြိမ်တက်ရမည့် စနစ်သစ်ကို ကန့်ကွက်ကြောင်း နှင့် ပြန်လည်ပြင်ဆင်ပေးရန် နိုင်ငံအနှံ့ရှိ အဝေးသင်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် လက်မှတ် ထိုးကာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ဇန်န၀ါရီ ၂၂ ရက်တွင် စာပို့ တောင်းဆိုထားသည်။

အဝေးသင်ကျောင်းသား များတွင် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများ၊ နိုင်ငံတကာရောက် ရွှေ့ပြောင်းလုပ်သားများစွာ ပါဝင်နေပြီး ခွင့်နှစ်ကြိမ်ယူရခြင်း ကြောင့် အလုပ်ရှင်နှင့် ပြဿနာဖြစ်ကာ စားဝတ်နေရေးကြောင့် ပညာရေးကို စွန့်လွှတ်သည်အထိ ကြုံတွေ့ရနိုင်သည်ဟု တောင်းဆို စာတွင် ရေးသားထားသည်။ နိုင်ငံ့ဝန်ထမ်းများ ပါဝင်နေခြင်းကြောင့် နိုင်ငံတော်၏ လုပ်ငန်းများ နှောင့်နှေးကြန့် ကြာနိုင်သည်ဟု တောင်းဆိုစာ၌ ဖော်ပြထားသည်။

ထိုစနစ်သစ်သည် အဝေးသင်ပညာရေးစနစ် တိုးတက်ကောင်းမွန်စေရန်ဟု ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသော်လည်း ကျောင်းသားအများစုနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် သုံးသပ်ပြင်ဆင်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားသည်။

ထိုတောင်းဆိုစာကို မကွေးတက္ကသိုလ်မှ စတုတ္ထနှစ် ကျောင်းသာတးစ်ဦးက ပေးပို့ခြင်းဖြစ်ပြီး နိုင်ငံအနှံ့ရှိ တက္ကသိုလ်များမှ အဝေးသင်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့်က တောင်းဆိုစာကို ထောက်ခံကြောင်း အမည်၊ တက္ကသိုလ်တို့ကို ဖော်ပြကာ လက်မှတ်ရေးထိုးထားသည်။

ယင်းစနစ်သစ်အပေါ် အဝေးသင်ကျောင်းသားအဖွဲ့အစည်းအချို့က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဖဲကြိုးနီကမ်ပိန်းဖြင့် ကန့်ကွက်လှုပ်ရှားမှုများ လုပ်ဆောင်နေ သည်။ စတင်လုပ်ဆောင်ရန် စီစဉ်သော်လည်း ထိရောက်မှုမရှိပါက ပြန်လည်စဉ်းစားရမည်ဟု ဦးဝင်းမော်ထွန်းက ပြောသည်။

နယ်အသီးသီးရှိ အဝေးသင်တက္ကသိုလ် ပါမောက္ခ၊ ဆရာ၊ဆရာမများအနေဖြင့် ယင်းတို့တက္ကသိုလ် ရှိ ကျောင်းသူ၊ ကျောင်းသား များ၏ အသံကို နားထောင်ကာ ပိုမိုထိရောက်မှုရှိသည့် စနစ်ဖြစ်လာစေရန် ညှိနှိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း  ၎င်းက  ဆိုသည်။

ယခင်က အဝေးသင်တက္ကသိုလ်များတွင် အနီးကပ်ကျောင်း တက်ရက်ကို ၁၀ ရက်စီဖြင့် တစ်နှစ်လျှင် တစ်ကြိမ်သာ တက်ရ သည်။ ယခုကျင့်သုံးမည့် စနစ်သစ်၌ တစ်နှစ်လျှင် အနီးကပ်နှစ် ကြိမ် တက်ရမည်ဖြစ်ပြီး မေလတွင် ငါးရက်၊ နိုဝင်ဘာတွင် ငါးရက်နှစ်ကြိမ်ခွဲ တက်ရမည်ဟု ပညာ ရေးဝန်ကြီးဌာနက ကြေညာထား သည်။

ယင်းအဝေးသင်စနစ်သစ်  အစီအစဉ် ကျင့်သုံးရန် သက်ဆိုင်ရာ အဝေးသင် ဌာနများမှ ပါမောက္ခများက ၀န်ကြီးဌာနသို့ တင်ပြလာသဖြင့် ကျောင်းသားများအတွက် ကောင်းမွန်မည်ဆို ပါက ဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်း ဦးဝင်းမော်ထွန်းက ပြောသည်။

အနီးကပ်နှစ်ကြိမ် တက်ရမည့် စနစ်သစ်ကြောင့် အလုပ်တစ်ဖက်နှင့် အဝေးသင် တက်နေသည့် ကျောင်းသားများ အခက်အခဲ ရှိမည်ကို နားလည်ကြောင်း ၎င်းကဆိုသည်။

အဝေးသင်တက္ကသိုလ် ၀ိဇ္ဇာအထူးပြုဘာသာရပ်များ အနီးကပ်သင်တန်း နှစ်ကြိမ်တက်ရမည့် စနစ်သစ်ကို ကန့်ကွက်ကြောင်း နှင့် ပြန်လည်ပြင်ဆင်ပေးရန် နိုင်ငံအနှံ့ရှိ အဝေးသင်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် လက်မှတ်ထိုးကာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ဇန်န၀ါရီ ၂၂ ရက်တွင် စာပို့ တောင်းဆိုထားသည်။

အဝေးသင် ကျောင်းသား များတွင် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများ၊ နိုင်ငံတကာရောက် ရွှေ့ပြောင်းလုပ်သားများစွာ ပါဝင်နေပြီး ခွင့်နှစ်ကြိမ်ယူရခြင်း ကြောင့် အလုပ်ရှင်နှင့် ပြဿနာဖြစ်ကာ စားဝတ် နေရေး ကြောင့် ပညာရေးကို စွန့်လွှတ်သည်အထိ ကြုံတွေ့ရနိုင်သည်ဟု တောင်းဆို စာတွင် ရေးသားထားသည်။

နိုင်ငံ့ဝန်ထမ်းများ ပါဝင်နေခြင်းကြောင့် နိုင်ငံတော်၏ လုပ်ငန်းများ နှောင့်နှေးကြန့် ကြာနိုင်သည်ဟု တောင်းဆိုစာ၌ ဖော်ပြထားသည်။

ထိုစနစ်သစ်သည် အဝေးသင် ပညာရေးစနစ် တိုးတက်ကောင်းမွန်စေရန်ဟု ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသော်လည်း ကျောင်းသားအများစုနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် သုံးသပ်ပြင်ဆင်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားသည်။

ထိုတောင်းဆိုစာကို မကွေးတက္ကသိုလ်မှ စတုတ္ထနှစ် ကျောင်းသာတးစ်ဦးက ပေးပို့ခြင်းဖြစ်ပြီး နိုင်ငံအနှံ့ရှိ တက္ကသိုလ်များမှ အဝေးသင်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့်က တောင်းဆိုစာကို ထောက်ခံကြောင်း အမည် နှင့် တက္ကသိုလ်တို့ကို ဖော်ပြကာ လက်မှတ်ရေးထိုးထားသည်။

ယင်းစနစ်သစ်ကို အဝေးသင်ကျောင်းသား အဖွဲ့အစည်းအချို့က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီး လူမှုကွန်ရက် စာမျက်နှာတွင်ဖဲကြိုးနီ ကမ်ပိန်းဖြင့် ကန့်ကွက်လှုပ်ရှားမှုများ လုပ်ဆောင်နေသည်။

source: 7day

News Read 2257 times