ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ်များသို့ ၀င်ခွင့်ရပြီးသတ်မှတ်ရက်အတွင်း ကျောင်းမအပ်ပါက တက်ရောက်ခွင့်မပြု

ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ်များသို့ ၀င်ခွင့်ရပြီးသတ်မှတ်ရက်အတွင်း ကျောင်းမအပ်ပါက တက်ရောက်ခွင့်မပြု

1. ရန်ကုန်တက္ကသိုလ်၊

2. ရန်ကုန်နည်းပညာတက္ကသိုလ်၊

3. သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (ရန်ကုန်)၊

4. ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊

5. ရန်ကုန်စီးပွားရေါ်တက္ကသိုလ်၊

6. ရန်ကုန်ပညာရေး တက္ကသိုလ်၊

7. မန္တလေးတက္ကသိုလ်၊

8. မန္တလေးနည်းပညာတက္ကသိုလ်၊

9. မန္တလေးကွန်ပျူတာတက္ကသိုလ်၊

10. မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၊

11. နည်းပညာတက္ကသိုလ် (မန္တလေး) တို့ကိုတက်ရောက်လိုသူများအား ဇွန်လ ၁၅ ရက်မှ ဇူလိုင် ၁၅ ရက်အထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခွင့်ပြုခဲ့သည်။

"လူတွေ့စစ်တဲ့ကျောင်းက စစ်နေတယ်။ ဆယ်တန်းအမှတ်နဲ့ဖြတ်မယ့်ကျောင်းကလည်း  သူ့သတ်မှတ်အရေအတွက်ပြည့်ရွေးထားပြီး သူတို့ဝင်ခွင့်ရစာရင်းတွေကို သြဂုတ်လ ၁၅ ရက်မှာ တစ်ပြိုင်တည်း ကြေညာလိမ့်မယ်။ သတ်မှတ်ရက်အတွင်း ကျောင်းအပ်ဖို့ကိုလည်း ၀င်ခွင့်လျှောက်ထားစဉ်ကတည်းက ထည့်ကြေညာထားတယ်။ ရက်ကျော်ရင်တော့ အရန်ရွေးတဲ့စာရင်းထဲက ၀င်ခွင့်လက်ခံတာမျိုး လုပ်မှာပေါ့" ဟု ပြောသည်။

တိုက်ရိုက်လျှောက်ထားရသည့် တက္ကသိုလ် ၁၁ ခုသို့ ၀င်ခွင့်ရသူများစာရင်းကို သြဂုတ် ၁၅ ရက်တွင် ကြေညာမည်ဖြစ်ပြီး တစ်ကျောင်းထက်ပို၍ ၀င်ခွင့်ရသူများသည် တက်ရောက်လိုသည့် ကျောင်းကို ဆုံးဖြတ်ရွေးချယ်ကာ သတ်မှတ်ရက်အတွင်း ကျောင်းအပ်ရမည် ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်တိုက်ရိုက်လျှောက်ထားရသည့် ကျောင်းများအနက်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ၀င်ခွင့်ရသူများသည် သြဂုတ်လ ၁၆ ရက်မှ ၂၃ ရက်အတွင်း ကျောင်းအပ်ရမည်ဖြစ်ပြီး ကျန်တက္ကသိုလ်များသည် သြဂုတ်လ ၁၆ရက်မှ စက်တင်ဘာလ ၁၂ ရက်အထိ ကျောင်းအပ်ခွင့်ပြုထားသည်။

အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ လျှောက်ထားရသည့် တက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်းကို အဆင့်မြင့်ပညာ ဦးစီးဌာနက နိုဝင်ဘာလအတွင်း ကြေညာရန် လျာထားသည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောသည်။

၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီး၏ ပထမနှစ်သင်တန်းများတွင် တက်ရောက်ခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းအပ်လက်ခံသည့် ကာလအတွင်း ကျောင်းအပ်ရန် လိုအပ်ကြောင်း ၂၀၁၈ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင်လည်း ဖော်ပြထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day news

News Read 2742 times