သင်တန်းတက် ရောက်သူတွေဟာ Diploma in International Relations (DIR) အောင်လက်မှတ် ရရှိမှာဖြစ်ပြီး တက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိထားသူများ တက်ရောက်နိုင်ပါတယ်။
သင်တန်းလျှောက်ထား လိုသူတွေဟာ လျှောက်လွှာများကို မေလ ၃၁ ရက်နေ့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ဝင်ခွင့်စာမေးပွဲကို ဇွန်လ ၂ ရက်မှာ ဖြေဆိုရမှာဖြစ်ပြီး သင်တန်းကာလ ၉ လ ကြာမြင့်မယ်လို့ သိရပါတယ်။
လျှောက်လွှာတွေကို ရန်ကုန်တက္ကသိုလ် ဝေသာလီဆောင်ရှိ နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှာ လက်ခံသွားမှာဖြစ်ပြီး အသေးစိတ်မေးမြန်းလိုပါက ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှာ စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal