ရန်ကုန်တက္ကသိုလ်တွင် စာပေဖန်တီး ရေးသားမှုနှင့် တည်းဖြတ်မှုအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်မည်

ရန်ကုန်တက္ကသိုလ်တွင် စာပေဖန်တီး ရေးသားမှုနှင့် တည်းဖြတ်မှုအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်မည်

အဆိုပါသင်တန်းကို ရန်ကုန်တက္ကသိုလ်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ် ဖြင့် မြန်မာစာဌာနက ဖွင့်လှစ်ခြင်းဖြစ် ပြီး ရန်ကုန်တက္ကသိုလ် တောင်ငူ ဆောင်ရှိ မြန်မာစာဌာန၌ အပတ် စဉ် တနင်္လာမှ သောကြာ (နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ) သင် ကြားပို့ချမည် ဖြစ်သည်။

READ - ၂၀၁၇ ခုနှစ်၏ အဝေးသင်တက္ကသိုလ်ဝင်ခွင့်များကို ဒီဇင်ဘာလလယ်တွင် ထုတ်ပြန်မည်

‘‘မြန်မာစာပေကို စိတ်ဝင် စားတဲ့သူတွေ၊ မြန်မာစာပေ တည်းဖြတ်မှု အတတ်ပညာကို နားလည်တတ်ကျွမ်းပြီးတော့ အသက် မွေးဝမ်းကျောင်းပြုနိုင်အောင် ရည်ရွယ်ပြီး မြန်မာစာဌာနက ဖွင့် တာပါ။ မြန်မာစာဌာနကို တိုက် ရိုက်လျှောက်ရပြီး သင်တန်းသား ရွေးတာကို ဌာနကပဲ ရွေးပါတယ်’’ဟု ရန်ကုန်တက္ကသိုလ်သင်တန်း ရေးရာနှင့် ကျောင်းဆောင်များ ဌာနမှ တာဝန်ရှိသူက ပြောသည်။

သင်တန်းကာလ တစ်နှစ် ကြာမြင့်မည်ဖြစ်ပြီး ဘွဲ့ယူစာတမ်း တင်သွင်းရမည်ဖြစ်ကာ သင်တန်း ပြီးဆုံးပါက Diploma in Creative Writing and Editing ဘွဲ့လွန်ဒီပလိုမာ ရရှိမည် ဖြစ်သည်။

သင်တန်းတွင် စာပေအမျိုးအစား၊ စာပေသဘောတရား၊ စာပေဖန်တီးရေးသားခြင်း၊ ရသ ပညာ၊ စာပေတည်းဖြတ်ခြင်း၊ စာပေပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း အခြေခံများကို ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနမှ ဆရာ၊ ဆရာမ များ၊ ပြင်ပပညာရှင်များက သင် ကြားပေးမည် ဖြစ်သည်။

သင်တန်းလျှောက်လွှာများ ကို နိုဝင်ဘာ ၂၂ ရက်က စတင်ကာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွင် ရယူလျှောက်ထားနိုင်ပြီး သတ်မှတ်ဦးရေပြည့်ပါက လျှောက်လွှာပိတ် မည်ဟု ကြေညာထား သည်။

အဆိုပါသင်တန်းကို ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၅-၁၆ ပညာ သင်နှစ်က စတင်ဖွင့်လှစ် ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 1559 times