ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်သည့် ဒီပလိုမာ စာရင်းကိုင်သင်တန်း

 

ဒီပလိုမာစာရင်းကိုင်သင်တန်း (Diploma in Accountancy) ကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ ရန်ကုန်) နှင့် မြန်မာနိုင်ငံစာရင်းကောင်စီတွင် မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းတို့၌ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

 

သင်တန်းကာလ - ၂ နှစ် 

သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၄.၁၁.၂၀၂၄ 

သင်တန်းလျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက် - ၂၉.၈.၂၀၂၄

သင်တန်းကြေး - ၃၀,၀၀၀ ကျပ်

လျှောက်လွှာကြေး - ၁,၀၀၀ ကျပ်

ကျောင်းအပ်မှတ်ပုံတင်ကြေး - ၈,၀၀၀ ကျပ်

 

*အထက်ဖော်ပြပါ သင်တန်းကြေးသည် မြန်မာနိုင်ငံ စာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ရန်ကုန်၊ နေပြည်တော် သင်တန်းကျောင်းအတွက်သာ ဖြစ်သည်။*

 

သင်ကြားရမည့် ဘာသာရပ်များ

 

တက်ရောက်နိုင်သည့်ကျောင်း

- အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း (နေပြည်တော်) - အစိုးရဝန်ထမ်းများသာလက်ခံ

- အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း (ရန်ကုန်) 

- မြန်မာနိုင်ငံစာရင်းကောင်စီမှ အသိမှတ်ပြုသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ

- ကျောင်းမတက်ဘဲ Self-study ကိုယ်တိုင်လေ့လာသင်ယူခြင်း 

 

သင်တန်းရက်နှင့် အချိန်

အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း (နေပြည်တော်/ရန်ကုန်) တွင် တက်ရောက်ရမည့် သင်တန်းချိန်မှာ ပထမပိုင်းသင်တန်းအတွက် ရုံးဖွင့်ရက်များနှင့် စနေနေ့တွင် နံနက် ၇:၀၀ နာရီမှ ၈:၅၀ နာရီအထိ၊ ဒုတိယပိုင်းသင်တန်းအတွက် ရုံးဖွင့်ရက်များတွင် နံနက် ၇:၀၀ နာရီမှ ၈:၅၀ နာရီအထိ၊ စနေနေ့များတွင် နံနက် ၇:၀၀ နာရီမှ ၁၀:၅၀ နာရီအထိ ဖြစ်ပါသည်။ 

 

သင်တန်းတက်ရောက်ချိန် ၆၀% မပြည့်မီသည့် သင်တန်းသားများ၊ စာမေးပွဲအောင်မြင်ခြင်းမရှိသည့်သင်တန်းသားများသည် နောင်ပညာသင်နှစ်တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ရန်ကုန်) သို့မဟုတ် မြန်မာနိုင်ငံ စာရင်းကောင်စီတွင် မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင် ပြန်လည် တက်ရောက်ရန် လိုအပ်မည်ဖြစ်ပြီး သင်တန်းသားအဖြစ် မပျက်မကွက် ပြန်လည် မှတ်ပုံတင်ရမည်။ 

 

စာမေးပွဲဖြေဆိုခြင်းနှင့်ပတ်သက်၍ အသေးစိတ်ဖတ်ရှုရန် >> https://www.oagmac.gov.mm

 

လျှောက်ထားရမည့်ပုံစံ

သင်တန်းတက်ရောက်လိုသူများသည် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (ရန်ကုန်)၊ အမှတ် ၁/၁၉၊ သခင်မြပန်းခြံလမ်း၊ အလုံမြို့နယ်တွင် ၁၅-၈-၂၀၂၄ ရက်နေ့မှ ၂၉- ၈-၂၀၂၄ ရက်နေ့အတွင်း ရုံးဖွင့်ရက်များ၌ နံနက် ၁၀:၀၀ နာရီမှ ညနေ ၃:၀၀ နာရီအတွင်း လျှောက်ထားသူကိုယ်တိုင် လျှောက်လွှာကို ကျပ် ၁,၀၀၀ ဖြင့် ဝယ်ယူ၍ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရပါမည်။

- ဘွဲ့လက်မှတ် သို့မဟုတ် ဘွဲ့ထောက်ခံစာ (မူရင်းနှင့်မိတ္တူ)

- အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်းနှင့် မိတ္တူ) 

- တစ်လအတွင်း ရိုက်ကူးထားသည့် ၁"x၁" အရွယ် လိုင်စင်ဓာတ်ပုံ ၂ ပုံ 

- နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းစိစစ်ရေးကတ်ပြား(မူရင်းနှင့်မိတ္တူ) နှင့် သက်ဆိုင်ရာဌာနအကြီးအကဲ၏

- သင်တန်းတက်ရောက်ခွင့်ပြု ကြောင်းထောက်ခံချက် (ကောင်စီကဖွင့်လှစ်သည့် သင်တန်းကျောင်းများတွင် တက်ရောက်မည့်သူများသာ)

- ဘွဲ့နှင်းသဘင်မကျင်းပရသေးသဖြင့် ဘွဲ့လက်မှတ်မရရှိ သေးသူများမှအပ ကျန်လျှောက်ထားသူများသည် ဘွဲ့လက်မှတ်မူရင်းကို မပျက်မကွက် တင်ပြရမည်။ 

 

ထို့နောက် Online မှတဆင့် https://registration.oagmac.gov သို့ ဝင်ရောက်၍ စာရင်းသွင်းရပါမည်။ 

 

တက်ရောက်ခွင့်ရသူများ၏စာရင်းကို ၁၆-၉-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တို့ရှိ ကြော်ငြာသင်ပုန်းနှင့် မြန်မာနိုင်ငံစာရင်း ကောင်စီရုံး website: www.oagmac.gov.mm တို့တွင် ကြေညာထားမည် ဖြစ်ပါသည်။

 

အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မြန်မာနိုင်ငံစာရင်းကောင်စီရုံး ဖုန်းနံပါတ်၊ ၀၁-၂၃၀၂၆၅၉၊ ၀၉-၇၅၈၃၈၃၁၅၉၊ ၀၉-၂၅၀၄၅၇၆၂၄၊ ၀၉- ၆၈၉၉၃၈၉၁၉ တို့ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

Latest Post Local News Vocational Read 797 times