မန္တလေးတက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ် အဘိဓမ္မာဘွဲ့လွန် ဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်သွားမည်

မန္တလေးတက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ် အဘိဓမ္မာဘွဲ့လွန် ဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်သွားမည်

မန္တလေးတက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ် အဘိဓမ္မာဘွဲ့လွန် ဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်အရှေ့တိုင်းပညာဌာနမှ သိရသည်။

အဆိုပါသင်တန်းကို မန္တလေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ဌာနမှ ကြီးမှူး၍ မန္တလေးတက္ကသိုလ်အရှေ့တိုင်းပညာဌာနတွင် အဘိဓမ္မာဘွဲ့လွန် ဒီပလိုမာအချိန်ပိုင်းသင်တန်း (Diploma in Abhidhamma) အမှတ်စဉ် (၁) ကို စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းကို သင်တန်းကာလ ကိုးလ သတ်မှတ်ထားပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။

မန္တလေးတက္ကသိုလ်အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ခင်မြင့်မြင့်က "ဒီနှစ်စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်မှာ ဖြစ်တယ်။ အဘိဓမ္မာကို ဘွဲ့တစ်ခုအနေနဲ့ကတော့ အရှေ့တိုင်းပညာ ဘွဲ့လွန် ဒီပလိုမာသင်တန်းရယ်၊ ဆယ်တန်းအောင်တွေကနေစပြီး တက်လို့ရတဲ့ Certificate in Buddhist Studies သုံးလ သင်တန်းတွေကိုလည်း ဖွင့်လှစ် သင်ကြားပေးနေပါတယ်" ဟု ပြောသည်။

သင်တန်းကို တနင်္လာမှ သောကြာနေ့ ညနေ လေးနာရီမှ ခြောက်နာရီအထိ သင်ကြားသွားမည် ဖြစ်သည်။

သင်တန်းပထမနှစ်ဝက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလ အထိ သတ်မှတ်ထားကာ ဒုတိယနှစ်ဝက်ကို (၂၀၁၉ခုနှစ် မေလ မှ စက်တင်ဘာလ) အထိ ဖြစ်သည်။

ထိုသင်တန်းကို တက်ရောက်လိုသူများအနေဖြင့် သင်တန်းလျှောက်ထားလိုသူများအနေဖြင့် ဒီဇင်ဘာ (၁၅) ရက် နောက်ဆုံးထား လျှောက်ထားနိုင်သည်။

မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဘွဲ့လွန်ဒီပလိုမာ သင်တန်းကို ဖွင့်လှစ်ပို့ချပေးနေပြီး ယခုနှစ်တွင် (၇) ကြိမ်မြောက် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 1610 times