၂၀၁၇-၂၀၁၈ ပညာသင်နှစ် အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူ

၂၀၁၇-၂၀၁၈ ပညာသင်နှစ် အချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူ

သင်တန်းများဖြစ်တဲ့ Level I, Level II အတွက် လျှောက်လွှာများခေါ်ယူနေပြီလို့ သိရပါတယ်။

သင်ကြားပေးသွားမယ့် ဘာသာရပ်များမှာ ဂီတပညာဌာန (စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆို)၊ သဘင်ပညာဌာန (မြန်မာ့ရိုးရာ ရုပ်သေးပညာ၊ မြန်မာ့ရိုးရာအကပညာ)၊

ပန်းချီပညာဌာန (အခြေခံပန်းချီသင်တန်း၊ ရေဆေး ရောင်စုံရေးဆွဲနည်းနဲ့ လူပုံရေးဆွဲနည်း သင်တန်း၊ ဆီဆေးနဲ့ အခရိုက်လစ်ရေးဆွဲနည်း သင်တန်း)၊ ပန်းပုပညာဌာန (အခြေခံပန်းပုသင်တန်း၊

 မြန်မာ့ရိုးရာပန်းပုသင်တန်း၊ ပန်းပုနည်းပညာသင်တန်း)၊ ရုပ်ရှင်နဲ့ ပြဇာတ် (ဓာတ်ပုံသင်တန်း Still & Movies) ပညာဌာန စတာတွေ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ပေးအပ်သွားမယ့်ဘွဲ့တွေကတော့ အနုပညာဒီပလိုမာ Diploma in Music, Diploma in Dramatic Arts, Diploma in Painting, Diploma in Sculpture, Diploma in Cinema and Drama တို့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

သင်တန်းကာလအနေနဲ့ ၉ လ ကြာမြင့်မှာဖြစ်သလို Level တစ်ခုကို ၃ လ သတ်မှတ်ထားရှိမှာ ဖြစ်ပါတယ်။ Level တစ်ခုပြီးလျှင် ပြီးမြောက်ကြောင်း အောင်လက်မှတ်ပေးအပ်မှာ ဖြစ်ပါတယ်။

သင်တန်းများကို မေလ ၂ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်သလို လျှောက်လွှာတွေကို သင်တန်းရေးရာဌာနမှာ ဧပြီလ ၂၃ ရက်မှ စတင်လျှောက်ထားနိုင်ပြီး ဧပြီ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာန ဖုန်း ၀၁- ၅၉၀၂၅၂၊ ၅၉၀၂၅၄ ကို ဆက်သွယ်စုံစမ်း နိုင်ပါတယ်။

Source;Internet Journal

News Read 4679 times