မြန်မာနိုင်ငံရှိ တက္ကသိုလ် ဆရာ၊ ဆရာမများကို သင်ကြားရေး၊ သုတေသန၊ စီမံခန့်ခွဲမှုပညာများ သီးသန့်ပို့ချမည့် အမျိုးသား အ ဆင့်မြင့်ပညာ ဖွံ့ဖြိုးရေးကျောင်း (NIHED) ဖွင့်လှစ်ရန် စီစဉ်နေ သည်ဟု အမျိုးသားပညာရေးမူဝါ ဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုး ကြွယ်ကပြောသည်။
လက်ရှိတွင်တက္ကသိုလ်၁၀၀ကျော်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခများကို အဆင့်မြင့် ပညာရေးဦးဆောင်မှု နှင့်စီမံခန့်ခွဲရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်အနေဖြင့် ဦးဆောင်မှု နှင့် စီမံခန့်ခွဲမှုသင်တန်းများကို ဗြိတိသျှကောင်စီ၊ Irrawaddy Policy Exchange တို့၏ ငွေကြေးပံ့ပိုးမှု၊ University College London-Institute of Education(UCL)၏ နည်းပညာပံ့ပိုးမှုတို့ဖြင့် ပို့ချနေသည်။
ယင်းစီမံကိန်းကို ၂၀၁၇ နို ၀င်ဘာမှ ၂၀၁၈ နိုဝင်ဘာအထိ တစ်နှစ် ကနဦးစီမံကိန်းစမ်းသပ် ပြုလုပ်နေပြီး ထိုတစ်နှစ်စီမံကိန်း ၏ တစ်စိတ်တစ်ဒေသဖြစ်သည့် အဆင့်မြင့်ပညာဦးဆောင်မှုနှင့် စီ မံခန့်ခွဲရေး ပြုပြင်ပြောင်းလဲရေးအ မျိုးသားအဆင့်ဒုတိယအကြိမ်ညီ လာခံကို ရန်ကုန်တက္ကသိုလ်စိန် ရတုခန်းမ၌ အောက်တိုဘာ ၁၉၊ ၂၀ ရက်တွင် ကျင်းပနေသည်။
ထိုစီမံကိန်းကို သုံးနှစ်စီမံ ကိန်းအဖြစ် ဆက်လက်ဆောင် ရွက်ရန် သဘောတူညီထားပြီး တက္ကသိုလ်ဆရာ၊ ဆရာမများကို သင်တန်းပို့ချမည့် NIHEDဖွင့်လှစ် မည့်အစီအစဉ်ပါ ပါဝင်နေခြင်း ဖြစ်သည်။
‘‘သင်ရိုးညွှန်းတမ်းပါမယ်၊ ပေါ်လစီပါမယ်၊ အုပ်ချုပ်ရေးပါ မယ်စသဖြင့် သင်ပေးမယ့် အမျိုး သား ပညာရေးဆိုင်ရာမူဝါဒသင် တန်းကျောင်း တစ်ကျောင်း ဆောက်ဖို့ရှိပါတယ်။ ဆောက်ပြီး တော့ သင်မယ့်တက္ကသိုလ်ဆရာ၊ ဆရာမတွေကို လေ့ကျင့်ပေးမယ်။ တက္ကသိုလ်ဆရာ၊ ဆရာမတော် တော်များများက ဘာသာရပ်နဲ့ပဲ ဘွဲ့ရတာ။ သင်ကြားရေးနဲ့ပတ် သက်လို့ အတွေ့အကြုံမရှိဘူး။ ဒါလေးတွေ သင်ပေးရမယ်။ ပြီး တော့ သုတေသနဘယ်လိုလုပ်ရ မလဲ၊ ဘယ်လိုအချိန်မှာလုပ်ရမ လဲ၊ နိုင်ငံတကာသိအောင်ဘယ်လို လုပ်ရမလဲဆိုတာတွေပါမယ်’’ ဟု ဒေါက်တာမျိုးကြွယ်ကဆိုသည်။
ထိုသင်တန်းကျောင်းကို ပြည်လမ်းမပေါ် ရန်ကုန်ပညာရေး တက္ကသိုလ်အနီးရှိ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ဘေး တွင် တည်ဆောက်ရန် မြေနေရာ ခွင့်ပြုချက်ရရှိထားပြီး နိုင်ငံတော် ဘတ်ဂျက်အပြင် အခြားနိုင်ငံတ ကာအဖွဲ့အစည်းများထံမှ ငွေ ကြေး၊ နည်းပညာအကူအညီများ ကမ်းလှမ်းထားသည်ဟု ၎င်းကဆို သည်။
‘‘တက္ကသိုလ်တွေကနေ အ ရည်အသွေးမီ ပညာရေးတွေပေး နိုင်ဖို့၊ တက္ကသိုလ်စီမံခန့်ခွဲရေးမှာ ဆောင်ရွက်မယ့်သူတွေရဲ့ စီမံခန့် ခွဲရေးအရည်အသွေးတွေတက်ဖို့ လိုပါတယ်။ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဆောင် ရွက်တဲ့နေရာမှာ စီမံခန့်ခွဲမှုက အ ဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်။ လုပ်ငန်းခွင် လုပ်သားလိုအပ်ချက် နဲ့ကိုက်ညီတဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတက္ကသိုလ်တွေအဖြစ် ရပ် တည်နိုင်ဖို့ စီမံအုပ်ချုပ်သူတွေကို သင်တန်းပေးဖို့ လိုအပ်တာ ကြောင့် အမျိုးသားအဆင့်မြင့် ပညာဖွံ့ဖြိုးရေးကျောင်း (NIHED)ကို တည်ထောင်ဖို့ကြိုးပမ်းနေပါ တယ်’’ ဟု ဇွန်လက ကျင်းပသည့် ပထမအကြိမ် ညီလာခံဖွင့်ပွဲတွင် ပညာရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားထားသည်။
Source: 7 days new