စင်ကာပူနိုင်ငံ LASALLE College The Arts အတွက် ဒီဇိုင်းဘာသာရပ်တွေကို တက်ရောက်လိုသူတွေအနေနဲ့ စင်ကာပူအစိုးရထောက်ပံ့ကြေး MOE Tuition Grant တွေ လျှောက်ထားနိုင်ပါသည်။
LASALLE College မှ Degree Program အားလုံးကို University of London မှ တိုက်ရိုက် အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ပြီး ဒီပလိုမာအတွက် ၃ နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။
စင်ကာပူအစိုးရက ပေးတဲ့ Tuition Grant တွေကို မိမိတို့ကိုယ်တိုင် ဖန်တီးထားတဲ့ Portfolio တွေကို ပြသခြင်းအားဖြင့် ရယူနိုင်မှာဖြစ်ပြီး Tuition Grant ရရှိထားတဲ့ ကျောင်းသူ၊ ကျောင်းသားများ အနေနဲ့ တစ်နှစ်မှာ ကျောင်းလခ မြန်မာကျပ်ငွေ ၉၂ သိန်း ဝန်းကျင်ခန့်သာ ကုန်ကျမှာဖြစ်ပါတယ်။
ဘာသာရပ်တွေ အနေနဲ့ Fashion, Audio Music , Dance & Theatre Interior Design, Mass Communication စတာတွေကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ဝင်ခွင့်လိုအပ်ချက်တွေအနေနဲ့ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေ၊ IGCSE ရရှိထားသူတွေ အနေနဲ့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ဘွဲ့ရရှိထားသူတွေအနေနဲ့ အင်္ဂလိပ်စာ ဝင်ခွင့်လိုအပ်ချက် အနေနဲ့ IELTS (5.5) ရှိဖို့ လိုအပ်ပါတယ်။
အသေးစိတ် အချက်အလက်တွေကို STUDY ABROAD Information Centre (ရန်ကုန်ရုံး) ဖုန်း - (၀၉) ၅၁၅၁ ၀၀၈၊ မန္တလေးရုံး ဖုန်း - (၀၉) ၄၂၀၀ ၉၉၉၉၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
source: internet