ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ လှိုင်တက္ကသိုလ်နယ်မြေတွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်)ကို ပါရမီလမ်း၊ ၁၂ ရပ်ကွက်၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်ကျောင်းသုံးစာအုပ် သိုလှောင်ရုံအနီးသို့ ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်သည်။
ယင်းကဲ့သို့ ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်သော်လည်း လက်ရှိတွင် အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ယခင်ဇွဲကပင်ဆောင်တွင်ပင် ထုတ်ယူခွင့်ပြုထားကြောင်း သိရသည်။
ဇွဲကပင်ဆောင်ကို ပြောင်းရွှေ့ဖွင့်လှစ်ပြီးပါက အမှတ်စာရင်းနှင့် အောင်လက်မှတ်များ ထုတ်ယူနိုင်မည့်နေရာကို ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ သိရသည်။
"ပြောင်းပြီးပါက ဘယ်နေရာမှာ ထုတ်ရမယ်ဆိုတာ ကြေညာပေးမှာပါ၊ အမှတ်စာရင်းအောင်လက်မှတ် ထုတ်ချိန်ကလည်း လိုပါသေးတယ်" ဟုပြောသည်။
READ - ဘယ်နိုင်ငံ/ဘယ်တက္ကသိုလ်က ပညာသင်ဆုဘယ်လောက် ပေးမှာမို့လဲ????
ပြောင်းရွှေ့ဖွင့်လှစ်မည့် စာစစ်ဦးစီးဌာနရုံးတည်နေရာမှာ (၁၂) ရက်ကွက်ရှိ အေဒီ မီးပွီုင့်အနီး ပါရမီလမ်းမပေါ်တွင် ဖြစ်ရာ ရန်ကုန်-အင်းစိန် လမ်းမပေါ်ရှိ ဘုရားလမ်းမီးပွိုင့်မှ ပါရမီလမ်းမအပေါ်သို့ လမ်းလျှောက်လျှင် ၁၀ မိနစ်ခန့် လျှောက်ပြီး လက်ယာဘက်ထောင့်တွင် ရုံးအသစ်ကို တွေ့ရှိနိုင်သည်။
လက်ရှိမြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဇွဲကပင်ဆောင်၏ တည်နေရာမှာ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဆောက်အအုံဘေးနှင့် တက္ကသိုလ်ဖူဆယ်ဘောလုံးကွင်း ရှေ့တည့်တည့်တွင် ဖွင့်လှစ်ထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများ၏ အမှတ်စာရင်းများကို အောင်စာရင်းထွက်ပြီး တစ်ပတ်ကျော်အကြာတွင် ထုတ်ပေးလေ့ရှိပြီး တက္ကသိုလ်ဝင်အောင်စာရင်းများကို ဇွန်လ ပထမအပတ်တွင် ကြေညာလေ့ရှိသည်။
source: democracy