အခြေခံပညာကဏ္ဍတွင် ဆရာ/ဆရာမလိုအပ်ချက်များပြားနေသော်လည်း ပညာရေးတက္ကသိုလ်နှစ်ခုကို အထက်တန်းပြများထဲမှ ဌာနကူးပြောင်းလျှောက်ထားခွင့် ပေးလိုက်ကြောင်းသိရပါသည်။
အခြေခံပညာဦးစီးဌာနလက်အောက်ရှိ M.Ed, Ph.D ဘွဲ့ရရှိသော အထက်တန်းပြဆရာ/ဆရာမများအား ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ရှိ ပညာရေးဘာသာရပ်ဌာနများတွင် နည်းပြအဖြစ်ခန့်ထားဆောင်ရွက်သွားမည်ဖြစ်ရာ ဌာနကူးပြောင်းလျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံပညာကဏ္ဍတွင် ဆရာ/ဆရာမ လိုအပ်ချက်မှာ ကြီးမားနေပြီး ယခုနှစ်အထိ အခြေခံပညာအထက်တန်းပြ ဆရာ/ဆရာမတစ်သောင်းကျော်လိုအပ်နေကြောင်း၊ ယခုနှစ်တွင် အထက်တန်းကျောင်းနှင့် ကျောင်းခွဲများအဆင့်တိုးမြင့်မှု အပါအဝင် အထက်တန်းပြလိုအပ်နေမှုမှာ နှစ်သောင်းကျော်အထိရှိနေကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါသည်။
Driving (70) ကားမောင်း သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (70) ခု ရှာရန်နှိပ်ပါ။
“ ဌာနကူးပြောင်းလျှောက်လို့ ရတယ်ဆိုတာကို အသိပေးကြောင်း ကြားတာပါ။ မဖြစ်မနေလျှောက်ပါလို့ ပြောတာမဟုတ်ပါဘူး ဆန္ဒမရှိရင်မလျှောက်လဲရပါတယ်။" ဟုအခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးကပြောကြားပါသည်။
Flower Arranging (8) ပန်းအလှဆင် သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ခန့်ထားမည့်ဘာသာရပ်များမှာ ပညာရေးသဘောတရားဘာသာရပ်အတွက် (၅) ဦး၊ သင်ပြနည်းဘာသာရပ်အတွက် (၅)ဦး၊ ပညာရေးစိတ်ပညာဘာသာရပ်အတွက် (၆) ဦး၊ ကာယနှင့် ကျောင်းကျန်းမာရေးဘာသာရပ်အတွက် (၂) ဦးစုစုပေါင်း (၁၈) ဦး သည် ပညာရေးတက္ကသိုလ်အတွက်ဖြစ်ပြီး ပညာရေးသဘောတရားဘာသာရပ်အတွက် (၁၀) ဦး၊ သင်ပြနည်းဘာသာရပ်အတွက် (၁၅) ဦး၊ ပညာရေးစိတ်ပညာဘာသာရပ်အတွက် (၁၄) ဦး၊ ကာယနှင့်ကျောင်းကျန်းမာရေးဘာသာရပ်အတွက် (၄) ဦး စုစုပေါင်း (၄၃) ဦးသည် စစ်ကိုင်းပညာရေးတက္ကသိုလ်အတွက်ဖြစ်ကြောင်း သိရပါသည်။
Read More:>>>> ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် (၁၅) နှစ်ဆက်တိုက်ခွင့်မယူခဲ့သော ဆရာ/ဆရာမများအားဆုချီးမြှင့်မည်
Source: Democracy