အသစ်ခန့်တက္ကသိုလ်နည်းပြ၊ သရုပ်ပြများကို လုပ်ငန်းခွင်အကြိုသင်တန်းပေးမည်

အသစ်ခန့်တက္ကသိုလ်နည်းပြ၊ သရုပ်ပြများကို လုပ်ငန်းခွင်အကြိုသင်တန်းပေးမည်

ယခင်နှစ်များက နည်းပြ၊ သရုပ်ပြအသစ်များ ခန့်အပ်ရာ၌  ကြိုတင် သင်တန်းပေးခြင်းမျိုး ဆောင်ရွက်ခြင်းမရှိဘဲ လုပ်ငန်းခွင်အကြိုသင်တန်းပေးခြင်း အစီအစဉ်ကို ယခုနှစ်တွင်ပထမဆုံးအနေဖြင့် စတင်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။

သက်ဆိုင်ရာတက္ကသိုလ် များ၌ ဖွင့်လှစ်မည့်လုပ်ငန်းခွင် အကြိုသင်တန်းတွင် ၀န်ထမ်း စည်းမျဉ်းစည်းကမ်းများ၊ ပညာ ရေးဝန်ထမ်းများသိရှိထားသင့် သည့် ဘဏ္ဍာရေးဆိုင်ရာစည်း မျဉ်းစည်းကမ်းများ၊ တာဝန်ထမ်း ဆောင်ရမည့် တက္ကသိုလ်များ၏ အချက်အလက်များ၊ ပညာရေး စီမံကိန်းများအကြောင်းကို ပို့ချမည်ဖြစ်ပြီး ယင်းသင်တန်း တက်ရောက်သူများကိုသာ နည်းပြ၊ သရုပ်ပြအဖြစ်အတည်ပြုခန့် ထားမည်ဖြစ်သည်။

READ - ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်ငါးမျိုးအတွက် ရာထူးနေရာ ၄၀၀ ကျော် လစ်လပ်နေ

‘‘ပညာရေးဝန်ထမ်းတွေ သိ သင့်သိထိုက်တဲ့အကြောင်းအရာ လေးတွေ ပို့ချပေးတဲ့သဘောပေါ့။ အရင်ကတော့ ကျောင်းမှာအလုပ် ၀င်ပြီးမှ ကိုယ့်ဟာကိုယ်လေ့လာ ရတာပေါ့။ အခုကတော့ ၀င်ဝင် ချင်းအစိမ်းသက်သက်ဖြစ်မနေ အောင် အကြိုသင်တန်းလေးဖွင့် ပေးတာ။ သင်ကြားနည်းစနစ်နဲ့ ဆိုင်တဲ့ သင်တန်းတွေကိုလည်း နောက်ပိုင်း ထပ်ပေးမှာပါ’’ ဟု ဒေါက်တာအောင်အောင်မင်းက ပြောသည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်စုစုပေါင်း ၁၂၉ ခုအတွက် နည်းပြ၊ သရုပ်ပြ အသစ်များကို ဇွန်လ ၁၀ ရက်က စတင်ခေါ်ယူခဲ့ပြီး လျှောက်ထား သူများကို ရေးဖြေ၊ လူတွေ့ နှုတ် ဖြေများဖြင့် စိစစ်ကာ ရွေးချယ်ခဲ့ သည်။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် နည်းပြ၊ သရုပ်ပြအသစ် ၇၀၀ ဦး၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူ တာတက္ကသိုလ်များတွင် နည်းပြ၊ သရုပ်ပြအသစ် ၆၈၀ ဦး၊ ပညာ ရေးတက္ကသိုလ်၊ ပညာရေးကော လိပ်များတွင် နည်းပြ၊သရုပ်ပြအသစ် ၁၂၀ ဦးကို စက်တင်ဘာ ၁၄ ရက်တွင် သက်ဆိုင်ရာကျောင်း များ၌ ခန့်ထားမည်ဖြစ်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်အသီးသီးတွင် နည်းပြနှင့် သရုပ်ပြအသစ်ခန့်ထား မှုများကို ယခင်က အဆင့်မြင့် ပညာဦးစီးဌာနက ဆောင်ရွက် သော်လည်း ၂၀၁၅ က စတင်ကာ သက်ဆိုင်ရာကျောင်းများကို မိမိ ကျောင်း၏ ဆရာ၊ ဆရာမလိုအပ် ချက်အရ ကိုယ်တိုင်ရွေးချယ်ခန့် ထားခွင့်ပြုခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 2288 times