၂၀၁၇ ပညာသင်နှစ်၏ တက္ကသိုလ်၊ ဒီဂရီကောလိပ် စာမေးပွဲများကို လာမည့် စက်တင်ဘာလတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲတွင် မေးမြန်းမည့် မေးခွန်းများသည် ကျောင်းသား၊ ကျောင်းသူ အများစု ဖြေဆိုနိုင်သော မေးခွန်းများဖြစ်ရန်နှင့် စာမေးပွဲ မေးခွန်းများအားလုံးကို လွယ်ရာမှ ခက်ရာသို့စဉ်၍ မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းများအဖြစ် ပြုစုရန်၊ မှားယွင်းမှုများမဖြစ်စေရန် တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားထားပါသည်။
“အခြေခံပညာမှာလိုပဲ အဆင့်မြင့်ပညာကဏ္ဍမှာ စာမေးပွဲမေးခွန်းတွေဟာ ကျောင်းသား၊ ကျောင်းသူများအတွက် အဆင်ပြေစေဖို့နဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားစေဖို့အတွက် ကျောင်းတွေကို စာမေးပွဲစခင်မှာ ကြိုတင်မျာထားတာ၊ ကျန်ခဲ့တဲ့နှစ်တစ်ချို့မှာ မေးခွန်းတွေ အခိုးခံရတာ ကျောင်းထဲအထိ မီးရှို့တာတွေ ဖြစ်ခဲ့ဖူးတယ်။ လာမယ့်စာမေးပွဲတွေမှာ ဒီလိုကိစ္စများ ဖြစ်မလာစေဖို့ ကြိုတင်စီမံထားရမယ်။” ဟု ပြောကြားသည်။
တက္ကသိုလ်၊ ကောလိပ်များအနေဖြင့် စာမေးပွဲများ မဖြေဆိုခင် မေးခွန်းများကို ပြုစုရာတွင် မေးခွန်းလုံခြုံရေး အတွက် ထိတ်တန်းလျှို့ဝှက်အဆင့်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်သည်။
မေးခွန်းပေါက်ကြားမှုများ လုံးဝမဖြစ်ပေါ်စေရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာမေးပွဲများ ဖြေဆိုပြီးပါကလည်း မေးခွန်းများနှင့် အဖြေလွှာစာအုပ်များကို လုံခြုံစွာ ထိန်းသိမ်းရမည် ဖြစ်သည်။
စာစစ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စစ်ဆေးခြင်း၊ ပြန်လည်စစ်ဆေးခြင်း၊ ထပ်ဆင့် ပြန်လည်စစ်ဆေးခြင်းတို့ကို စနစ်တကျ မှတ်တမ်းဖြင့် မျှတစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အောင်စာရင်းများကို ပြုစုရာတွင်လည်း Tri-Check ပြုလုပ်ပြီးမှ ထုန်ပြန်ရန် ညွှန်ကြားထားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today