၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူမရှိသည့် ကျောင်းများ၌ သင်ကြားရေး အင်အား ဖြည့်တင်းပေးရန် နေ့စား အထက်တန်းပြဆရာ၊ ဆရာမများ ခန့်အပ်မည်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူမရှိသည့် ကျောင်းများ၌ သင်ကြားရေး အင်အား ဖြည့်တင်းပေးရန် နေ့စား အထက်တန်းပြဆရာ၊ ဆရာမများ ခန့်အပ်မည်

ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူလုံးဝမရှိခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းများ၌ အထက်တန်းပညာသင်ကြားနိုင်သည့် ပြင်ပဆရာ၊ ဆရာမများကို နေ့စားအဖြစ် ခန့်နိုင်ရန် အခြေခံပညာ ဦးစီးဌာနက စီစဉ်နေပြီး မဟာဝိဇ္ဇာဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ရရှိထားသူများကို ဦးစားပေးခန့်အပ်ရန် လျာထားသည်။

အောင်ချက်သုညဖြစ်နေတဲ့ ကျောင်းတွေက ဘာသာရပ်အတွဲလိုက်သင်နိုင်မယ့် ဆရာ၊ ဆရာမ မလုံလောက်လို့လား။ ၀ိဇ္ဇာဘာသာရပ်သင်နိုင်တဲ့ ဆရာ၊ ဆရာမတွေရှိသလို သိပ္ပံသင်နိုင်တဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်။ သင်နိုင်တဲ့ ဆရာ၊ ဆရာမများကို စာရင်းပြုစုပြီး သွားပြီ။ လိုအပ်ရင် နေ့စားလပေးနဲ့ SAT ခေါ်ဖို့ စီစဉ်ထားတယ်။

READ - ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအမှတ်အများဆုံးရသူများကို သီးသန့်တွေ့ဆုံမည်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူတစ်ဦးမျှမရှိခဲ့သည့် အခြေခံပညာကျောင်းများစာရင်းကို တင်ပြရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ ညွှန်ကြားထားပြီး လက်ရှိတွင် တစ်နိုင်ငံလုံး၌ အောင်ချက်သုညရရှိခဲ့သော အခြေခံပညာကျောင်း ၁၄၀ ခန့် ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်က အောင်ချက် ၁၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံး ဖြစ်ခဲ့ပြီး ချင်းပြည်နယ်က ဒုတိယအောင်ချက်အနည်းဆုံး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) က တတိယ အောင်ချက်အနည်းဆုံး နှင့် ဧရာဝတီတိုင်းဒေသကြီးက စတုတ္ထနေရာတွင် ရှိနေကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 4653 times