နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဖေဖော်ဝါရီ ၁၉ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၌ ပထမ အကြိမ် သင်တန်းပို့ချခဲ့ကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးက ပြောသည်။
ဗိုလ်မှူးကြီးအဆင့်ရှိ တပ်မတော်အရာရှိများကို မဟာဘွဲ့ ပေးသည့် နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်၌ ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံခြားရေးမူဝါဒ နှင့် လက်ရှိမြန်မာနိုင်ငံအခြေအနေများကို အချိန်ပိုင်း လာရောက် ပို့ချခြင်းဖြစ်ကြောင်း အထက်ပါ အရာရှိကြီးက ရှင်းပြသည်။
‘‘နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ နိုင်ငံခြားရေးဝန် ကြီးဌာနကို ကိုယ်စားပြုပြီး လာပါ တယ်။ ကျွန်တော်သိရသလောက် ပထမဆုံးပါ’’ဟု ၎င်းကဆိုသည်။
ယင်းတက္ကသိုလ်၌ တပ်မ တော်မှ သင်ကြားပို့ချမှုနည်းပါးပြီး အစိုးရ၀န်ကြီးဌာနများမှ ၀န်ကြီး များ၊ ဒုဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပြင်ပတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ များအား ဖိတ်ခေါ်လေ့ရှိကြောင်း အထက်ပါအရာရှိက ပြောကြား သည်။ ယခင်ကသမ္မတနှင့် ဒုတိ ယသမ္မတများလည်း သင်တန်း လာရောက်ပို့ချဖူးကြောင်း ၎င်းက ဆိုသည်။
‘‘နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ နိုင်ငံရဲ့ နိုင်ငံခြား ရေးမူဝါဒ၊ လုံခြုံရေးမူဝါဒနဲ့ အမြဲဆက်စပ်နေတဲ့ အခါကျတော့ နိုင်ငံခြားရေးမူဝါဒနဲ့ သွားပြီးပို့ချ တယ်။ လုပ်လေ့လုပ်ထရှိတဲ့ဟာ ပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားပြီး ပို့ချတာက ထူးခြား တာပေါ့’’ဟု တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့ ဒါရိုက်တာအဖွဲ့ ၀င် ဦးရဲမျိုးဟိန်းက မှတ်ချက်ပြု သည်။
အရပ်ဘက်-စစ်ဘက်ဆက် ဆံရေးပုံစံပြောင်းလဲရန် တပ်မ တော်၏ ပညာရေးအင်စတီကျူး ရှင်းများက အရေးကြီးပြီး ယင်း ပညာရေး အင်စတီကျူးရှင်းများ တွင် သင်ကြားမှုများ၊ အယူအဆ များကို လက်ခံမှုများ၊ အရပ်သား အစိုးရကို မည်သို့လက်ခံမလဲဆို သည့် အချက်များက နိုင်ငံတစ် နိုင်ငံ၏ ဒီမိုကရေစီခိုင်မာရေးအ တွက် အရေးကြီးသည့်အချက်များ ဟု ယူဆကြောင်း ဦးရဲမျိုးဟိန်းက သုံးသပ်သည်။
‘‘အဲဒီတော့ ဒါမျိုးကို ဒေါ် အောင်ဆန်းစုကြည်တို့ကလည်း ပညာရေး အင်စတီကျူးရှင်းတွေ ကတစ်ဆင့် တပ်မတော်ကို ဒီမိုက ရေစီ အသွင်ကူးပြောင်းမှုမှာ ပိုပြီး တော့ တက်တက်ကြွကြွနဲ့ ပိုပါ လာနိုင်အောင် ကြိုးစားမယ်လို့ မြင်တယ်’’ဟု ၎င်းကဆိုသည်။
နေပြည်တော်ကောင်စီနယ် မြေတွင် တည်ရှိသည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သည် တပ်မတော်၌ အဆင့်မြင့်ဆုံးသင် တန်းကျောင်းဖြစ်ပြီး တစ်နှစ်သင် တန်းဖြစ်ကာ အပတ်စဉ် (၁၇)ခု သင်ကြားပို့ချပြီးဖြစ်သည်။ လက်ရှိ တပ်ချုပ်သည်လည်း အဆိုပါ တက္ကသိုလ်ဆင်း ဖြစ်သည်ဟုအရပ်ဘက်-စစ်ဘက် လေ့လာသူအချို့က ပြောသည်။
source: 7day