၂။ လျှောက်လွှာပုံစံကို (၂-၉-၂၀၁၉) ရက်တွင် စတင်ထုတ်ယူနိုင်ပြီး (၁.၅x၂)လက်မအရွယ် ဆေးသားကောင်းသည့် ဓာတ်ပုံအသစ် (၂) ပုံ (ဓာတ်ပုံတွင်လက်ပြတ်အင်္ကျီမဖြစ်စေရ) နှင့်မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ (၃၀-၉-၂၀၁၉) ရက် နောက်ဆုံးထား၍ လျှောက်ထားရပါမည်။
၃။ ဘွဲ့နှင်းသဘင်တက်ရောက်၍ ဘွဲ့ယူလိုသည့် ကျောင်းသား/သူမျာသည် ဘွဲ့နှင်းသဘင်ကြေး (၁၅၀၀)ကျပ်တိတိကို လည်းကောင်း၊ အဝေးရောက်ဘွဲ့ယူလိုသူ ကျောင်းသား/သူများသည် အဝေးရောက်ဘွဲ့ကြေး (၁၀၀၀) ကျပ်တိတိကိုလည်းကောင်း ပေးသွင်းရပါမည်။
College ( ကောလိပ်) (1) / College နှင့်ပတ်သက်ပြီး ရှာရန်နှိပ်ပါ။
Day Care/Nursery (သူနာပြု) (292)Day Care/Nursery နှင့်ပတ်သက်ပြီး သင်တန်း (292 )ခု ရှာရန်နှိပ်ပါ။
၎။ဘွဲ့နှင်းသဘင်လျှောက်လွှာပုံစံများကို ဒဂုံတက္ကသိုလ် (အဝေးသင် သင်တန်း)တွင် ရယူ၍ လျှောက်ထားရပါမည်။ ၂၀၁၈ ပညာသင်နှစ်မတိုင်မီ (ဘွဲ့ ) စာမေးပွဲအောင်မြင်သူများသည် အဝေးရောက်ဘွဲ့အတွက်သာလျှင် လျှောက်ထားနိုင်ပါသည်။
၅။ လျှောက်လွှာပုံစံကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်သော်လည်း မိမိနှင့် သက်ဆိုင်သည့်ဒဂုံတက္ကသိုလ်(အဝေးသင် သင်တန်း)တွင် ဘွဲ့ဆိုင်ရာကျသင့်ငွေပေးသွင်းခြင်း မပြုလျှင်သော်လည်းကောင်း၊ အချိန်မီလျှောက်ထားခြင်း မပြုလျှင်သော်လည်းကောင်း ဒဂုံတက္ကသိုလ် (အဝေးသင် သင်တန်း)က ဘွဲ့အပ်နှင်းပေးမည်မဟုတ်ပါ။
၆။ နယ်မှ လျှောက်ထားသူများသည် သတ်မှတ်ကြေးများကို သက်ဆိုင်ရာဒဂုံတက္ကသိုလ်(အဝေးသင် သင်တန်း) သို့ စာတိုက်ငွေပို့လွှာ (Postal Money Order) ဖြင့် ပေးပို့နိုင်ပါသည်။ ငွေပို့လွှာအောက်ခြေတွင် ဘွဲ့နှင်းသဘင်ကြေးဟု ထင်ရှားစွာရေးသား၍ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ဖခင်အမည်၊ ခုံအမှတ်၊ အထူးပြုဘာသာ စသည့်တို့ကို တိကျစွာ ဖော်ပြရပါမည်။
Read More:>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ
၇။ တက်ရောက်ဘွဲ့များလျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို အဝေးရောက်ဘွဲ့လက်မှတ်များထုတ်ပေးမည့် အချိန်မှသာ ထုတ်ပေးမည်ဖြစ်ပါသည်။
Source: ဒဂုံတက္ကသိုလ် (အဝေးသင် သင်တန်း)