Source; Democracy
(၄) နှစ်သင်ပညာရေးကောလိပ်များအတွက် ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းအညွန်းဘောင်နှင့် သင်ရိုးမာတိကာများကို ပညာရေးကောလိပ် (၂၅) ကျောင်းရှိ ဆရာ/ဆရာမ (၁၉၀၀) ကျော်ကို မိတ်ဆက်သင်တန်းပေးမည်ဖြစ်ကြောင်း သိရပါသည်။
ယခုပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော်တော့မည့် (၄) နှစ်သင်ပညာရေးကောလိပ်များအတွက် အသုံးပြုမည့် သင်ရိုးမာတိကာ၊ Student Teacher များအတွက် Texbook နှင့် Teacher Educators များအတွက် Teacher Guides များကို ပညာရေးကောလိပ်ရှိ ဆရာ/ဆရာမ များအတွက် မိတ်ဆက်သင်တန်းများကို (၂) ကြိမ်ခွဲပို့ချမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါသည်။
“ ဒီမိတ်ဆက်သင်တန်းတွေက ပေးကိုပေးရမှာပါ။မပေးလို့မရဘူး။ ပေးသူတွေကလည်း တခြားမဟုတ်ဘူး။ သင်ပေးရမယ့် ဆရာ/ဆရာမတွေ။ သူတို့က သင်ရိုးညွှန်းတမ်းရဲ့ အကြောင်းတွေနဲ့ သင်ရိုးမာတိကာတွေရဲ့ အကြောင်းတွေကို သေချာသိထားမှ သူတို့ပြန်သင်ရင် သင်ရိုးကထိရောက်မှာ " ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ အရာတစ်ဦးက ပြောကြားပါသည်။
Yoga Training (28) ရောဂ သင်တန်းများနှင့် ပတ်သက်ပြီး (28) ခုရှာရန်နှိပ်ပါ။
Orientation Training များကို Cluster ရှစ်ခုခွဲကာ ပညာရေးကောလိပ်ရှိ ဆရာ/ဆရာမ (၁၉၀၀) ကျော်ကို သင်တန်းပေးရန်အတွက် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း Cluster တစ်ခုတွင် ပညာရေးကောလိပ်သုံးကျောင်းနှုန်း ဆရာ/ဆရာမ ပျမ်းမျှ (၂၅၀) ကိုအောက်တိုဘာလတွင် ပထမကြိမ် (၅) ရက်တာသင်တန်းပေးမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် (၅) ရက်တာသင်တန်းကို နိုဝင်ဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် ပထမနှစ် ကျောင်းသားကိုင်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များရေးသားမှု၊ သရုပ်ပြသင်ကြားခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။
Read More:>>> ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) သင်တန်းအတွက်လျှောက်လွှာခေါ်ယူ
Orientation Training ဒုတိယအသုတ်ကိုလာမည့် အောက်တိုဘာ (၂၈) ရက်မှ နိုဝင်ဘာ (၁) ရက်အထိ ရန်ကင်းပညာရေးကောလိပ်နှင့် မန္တလေးပညာရေးကောလိပ်တွင် ပြုလုပ်မည်ဖြစ်ပါသည်။
ယခုနှစ်၏ လေးနှစ်သင်ပညာရေး ကောလိပ်များအတွက် သင်တန်းသား(၃၀၀၀) ကျော်ဝင်ခွင့်ပေးထားပါသည်။
Source; Democracy