မန္တလေးတက္ကသိုလ်တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်သော မည်သည့်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မည့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်မည်ဖြစ်သည်။
မန္တလေးတက္ကသိုလ်မေတ္တာမျက်ဝန်း လူငယ်ပရဟိတဖောင်ဒေးရှင်းကြီးမှ ကြီးမှူးပြီးနွေရာသီကျောင်းပိတ်ရက်ကာလကိုစာဖတ်ခြင်းဖြင့် ဖြတ်ကျော်စေရန်အတွက် မည်သည့်တက္ကသိုလ် ကောလိပ်ကျောင်းသား ၊ကျောင်းသူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည့် စာဖတ်စွမ်းးရည်ပြိုင်ပွဲကိုကျင်းပမည်ဖြစ်ကြောင်း၊ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား၊ကျောင်းသူများသည် မေ ၁ ရက်မှ စတင်ပြီး ဇွန် ၁၅ ရက်အထိ စာရင်းပေးသွင်းရမည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇူလှိုင်လ ပထမပတ်တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲမစတင်ခင်အချိန်အထိ သတ်မှတ်ပေးထားသော စာအုပ် ၁၀ မျိုးကိုဖတ်ရှုထားရမည်ဖြစ်ကြောင်း၊စာအုပ်တစ်ခုစီတွင် နာမည်ကြီးစာရေးဆရာများရေးသားထားသည့် စာအုပ် ၁၀ မျိုးစီ ပါဝင်မည်ဖြစ်ပြီး နှစ်သက်ရာအုပ်စုအလိုက် အုပ်စုတစ်ခုတည်းကိုပင် ရွေးချယ်ဖတ်ရှုနိုင်သလို အုပ်စုသုံးခုအတွင်းမှ စာအုပ် ၁၀ အုပ်ကို ရွေးချယ်ဖတ်ရှုရန်သတ်မှတ်ထားပါသည်။
ပြိုင်ပွဲစတင်သည့်နေ့တွင် မိမိဖတ်ရှုခဲ့သောစာအုပ်များထဲမှစာရေးဆရာ၏ ဆိုချက်၊စာဖတ်သူအားသိစေချင်သောအကြာင်းအရာ၊ စာဖတ်သူရရှိလိုက်သည့်အကြာင်းအရာ၊ ပြောင်းလဲသွားသည့် အကြောင်းအရာ၊ သုံးသပ်မိပုံများကို မေးမြန်းမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူက အချိန် ၁၂ မိနစ်ခန့်ပြန်လည် ပြောကြားရမည်။
ပါဝင်ယှဉ်ပြိုင်သူများကို ဆုအမျိုးအစား ၁၀ ဆုပေးအပ်မည်ဖြစ်ပြီး ပထမဆုကျပ်နှစ်သိန်း၊ ဒုတိယ်ဆုကျပ်တစ်သိန်းခွဲ၊ တတိယဆုကို ကျပ်တစ်သိန်း အသီးသီးချီးမြှင့်မည်ဖြစ်ပါသည်။
Source; Democracy