COVID-19 ကြောင့် အဖြေလွှာစစ်ဆေးခြင်းကို ရွှေ့ဆိုင်းပေးရန်တောင်းဆို

** Unicode **

ကမ္ဘာတစ်ဝန်း အထူးစိုးရိမ်နေရသော ကူးစက်မြန် COVID-19 ရောဂါအန္တရာယ်ကြုံတွေ့နေရသည့် အချိန်အခါတွင် တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုကြောင်း ကြေညာချက်ကို မန္တလေးမန္တလေးတက္ကသိုလ် ဆရာ/ဆရာမများ သမဂ္ဂ၊ မိတ္ထီလာတက္ကသိုလ်များ ဆရာများသမဂ္ဂ၊ မြင်းခြံဒီဂရီကောလိပ်ဆရာများသမဂ္ဂ၊ မန္တလာဒီဂရီကောလိပ်ဆရာများသမဂ္ဂတို့က မတ်လ (၂၀) ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

** တာဝန်ယူမှု၊ တာဝန်ခံမှု **
အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရမည်ဆိုပါက လုံလောက်သော ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများပေးရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝပေးရန် အလေးအနက်တိုက်တွန်းကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားပါတယ်။

** ဧပြီလအတွင်း စစ်ဆေးရမည် **
ယခုအခါ တက္ကသိုလ်ဝင်တန်းများဖြေဆိုပြီးဖြစ်၍ အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံးတွင်များစစ်ဆေးရန် ဒေသအသီးသီးမှ ဆရာ/ဆရာမများသည် မတ် (၃၁) ရက်အရောက် သက်ဆိုင်ရာ စာစစ်ဌာနများသို့ သွားရောက်ကာ ဧပြီလအတွင်း စစ်ဆေးရမည်ဟု အကြောင်း ကြားထားကြောင်း သိရပါတယ်။

** သန့်စင်ခန်းများလုံလောက်မှုမရှိ **
ထိုသို့ ဒေသအသီးသီးမှ ဆရာ/ဆရာမများ တည်းခိုနေထိုင်ရန်အတွက် စီစဉ်ပေးရာတွင် ရေးချိုးခန်းများ၊ သန့်စင်ခန်းများ လုံလောက်မှုမရှိခြင်းကြောင့် မျှဝေသုံးစွဲနေရခြင်း၊ သန့်ရှင်းမှု မရှိခြင်း၊ အဖြေလွှာ စစ်ဆေးခြင်းနျင့် လျှို့ဝှက်ကုတ်နံပါတ် ရိုက်နှိပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် အခန်းများ လုံလောက်မှုမရှိ၍ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိတွေ့ဆောင်ရွက်နေရခြင်းတို့ကို နှစ်စဉ်မြင်တွေ့နေရကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသော ကိစ္စဖြစ်သကဲ့သို့ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေကြရသည့် စာစစ်သူဆရာ/ဆရာမများအတွက်လည်း ရောဂါကူးစက်ခြင်း မခံရရေးသည် အထူးအရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်ပြီး ကူးစက်မြန် COVID-19 ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် အချိန်ကာလဖြစ်၍ ဒေသအသီးသီးမှ လာရောက်ကြရသည့် ဆရာ/ဆရာမများအနေဖြင့် အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းအား အစုအဝေးဖြင့် လုပ်ကိုင်ကြရမည်ဖြစ်ရာ COVID-19 ရောဂါကူးစက်ပြန့်ပွားနိုင်ခြေ အလွန်မြင့်မားသည့် အခြေအနေဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

Bakery Training (18) မုန္႔ဖုတ္သင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

** သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထား **
ကူးစက်မြန် ဗိုင်းရပ်စ် COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါအဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်ကာ နိုင်ငံတော်သမ္မတရုံးမှ ပြည်သူသို့ ပန်ကြားချက်ခေါင်းစဉ်ဖြင့် မတ် (၁၃) ရက်က COVID-19 ရောဂါသည် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် လူစုလူဝေးဖြင့် ကျင့်ပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ၂၀၂၀ ပြည့်နှစ် ဧပြီ (၃၀) ရက်အထိ ခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကို သက်ဆိုင်ရာဌာနများသို့  ညွှန်ကြားထားကြောင်းသိရပါတယ်။

Read More:>>> မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် အရေးပေါ်ထုတ်ပြန်ကြေညာချက်

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကလည်းနိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အရ မတ် (၁၆) ရက်က အခြေခံပညာကျောင်းများ၊ နွေရာသီသင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခြင်းမပြုရန်၊ ဖွင့်လှစ်ဆဲ သင်တန်းများ ပိတ်သိမ်းရေးကြပ်မတ်ဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်းသိရပါတယ်။

Credit:The Standard Time Daily
 

** Zawgyi **

ကမ႓ာတစ္ဝန္း အထူးစိုးရိမ္ေနရေသာ ကူးစက္ျမန္ COVID-19 ေရာဂါအႏၱရာယ္ႀကံဳေတြ႕ေနရသည့္ အခ်ိန္အခါတြင္ တကၠသုိလ္ဝင္တန္း အေျဖလႊာစစ္ေဆးျခင္းလုပ္ငန္းကို ေရႊ႕ဆိုင္းေပးရန္ ေတာင္းဆိုေၾကာင္း ေၾကညာခ်က္ကို မႏၱေလးမႏၱေလးတကၠသုိလ္ ဆရာ/ဆရာမမ်ား သမဂၢ၊ မိတၳီလာတကၠသုိလ္မ်ား ဆရာမ်ားသမဂၢ၊ ျမင္းၿခံဒီဂရီေကာလိပ္ဆရာမ်ားသမဂၢ၊ မႏၱလာဒီဂရီေကာလိပ္ဆရာမ်ားသမဂၢတို႔က မတ္လ (၂၀) ရက္တြင္ ပူးတြဲေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

** တာဝန္ယူမႈ၊ တာဝန္ခံမႈ **
အေျဖလႊာစစ္ေဆးျခင္းလုပ္ငန္းကို မျဖစ္မေနေဆာင္ရြက္ရမည္ဆိုပါက လံုေလာက္ေသာ က်န္းမာေရးစစ္ေဆးေစာင့္ေရွာက္မႈမ်ားေပးရန္ႏွင့္ ျဖစ္ေပၚလာႏိုင္သည့္ အေျခအေနအရပ္ရပ္ကို ပညာေရးဝန္ႀကီးဌာနက တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္အဝေပးရန္ အေလးအနက္တိုက္တြန္းေၾကာင္း ယင္းေၾကညာခ်က္တြင္ေဖာ္ျပထားပါတယ္။

** ဧၿပီလအတြင္း စစ္ေဆးရမည္ **
ယခုအခါ တကၠသုိလ္ဝင္တန္းမ်ားေျဖဆုိၿပီးျဖစ္၍ အေျဖလႊာစစ္ေဆးျခင္း လုပ္ငန္းမ်ားကို ျမန္မာတစ္ႏိုင္ငံလံုးတြင္မ်ားစစ္ေဆးရန္ ေဒသအသီးသီးမွ ဆရာ/ဆရာမမ်ားသည္ မတ္ (၃၁) ရက္အေရာက္ သက္ဆုိင္ရာ စာစစ္ဌာနမ်ားသို႔ သြားေရာက္ကာ ဧၿပီလအတြင္း စစ္ေဆးရမည္ဟု အေၾကာင္း ၾကားထားေၾကာင္း သိရပါတယ္။

** သန္႔စင္ခန္းမ်ားလံုေလာက္မႈမရွိ **
ထိုသို႔ ေဒသအသီးသီးမွ ဆရာ/ဆရာမမ်ား တည္းခုိေနထိုင္ရန္အတြက္ စီစဥ္ေပးရာတြင္ ေရးခ်ိဳးခန္းမ်ား၊ သန္႔စင္ခန္းမ်ား လံုေလာက္မႈမရွိျခင္းေၾကာင့္ မ်ွေဝသံုးစြဲေနရျခင္း၊ သန္႔ရွင္းမႈ မရွိျခင္း၊ အေျဖလႊာ စစ္ေဆးျခင္းႏ်င့္ လ်ွိဳ႔ဝွက္ကုတ္နံပါတ္ ရိုက္ႏွိပ္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ရန္ အခန္းမ်ား လံုေလာက္မႈမရွိ၍ တစ္ဦးႏွင့္တစ္ဦး နီးကပ္စြာ ထိေတြ႔ေဆာင္ရြက္ေနရျခင္းတို႔ကို ႏွစ္စဥ္ျမင္ေတြ႔ေနရေၾကာင္း ၄င္းထုတ္ျပန္ခ်က္တြင္ ပါရွိပါတယ္။

တကၠသုိလ္ဝင္တန္း အေျဖလႊာစစ္ေဆးျခင္းလုပ္ငန္းသည္ ႏိုင္ငံေတာ္အတြက္ အေရးႀကီးေသာ ကိစၥျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္၏ တာဝန္ကို ထမ္းေဆာင္ေနၾကရသည့္ စာစစ္သူဆရာ/ဆရာမမ်ားအတြက္လည္း ေရာဂါကူးစက္ျခင္း မခံရေရးသည္ အထူးအေရးႀကီးေသာ ကိစၥတစ္ရပ္ျဖစ္ၿပီး ကူးစက္ျမန္ COVID-19 ေရာဂါသည္ ကမ႓ာတစ္ဝန္းတြင္ က်ယ္ျပန္႔စြာ ပ်ံ႕ႏွ႔ံေနသည့္ အခ်ိန္ကာလျဖစ္၍ ေဒသအသီးသီးမွ လာေရာက္ၾကရသည့္ ဆရာ/ဆရာမမ်ားအေနျဖင့္ အေျဖလႊာစစ္ေဆးျခင္း လုပ္ငန္းအား အစုအေဝးျဖင့္ လုပ္ကိုင္ၾကရမည္ျဖစ္ရာ COVID-19 ေရာဂါကူးစက္ျပန္႔ပြားႏိုင္ေျခ အလြန္ျမင့္မားသည့္ အေျခအေနျဖစ္ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ပါရွိပါတယ္။

Bakery Training (18) မုန္႔ဖုတ္သင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

** သက္ဆိုင္ရာဌာနမ်ားသို႔ ညႊန္ၾကားထား **
ကူးစက္ျမန္ ဗိုင္းရပ္စ္ COVID-19 ေရာဂါကို ကမ႓ာ႔က်န္းမာေရးအဖြဲ႔ (WHO)က ကမ႓ာ႔ကူးစက္ျမန္ကပ္ေရာဂါအျဖစ္သတ္မွတ္ခဲ့ၿပီးျဖစ္ကာ ႏိုင္ငံေတာ္သမၼတရံုးမွ ျပည္သူသို႔ ပန္ၾကားခ်က္ေခါင္းစဥ္ျဖင့္ မတ္ (၁၃) ရက္က COVID-19 ေရာဂါသည္ လ်င္ျမန္စြာ ကူးစက္ႏိုင္သည့္အတြက္ လူစုလူေဝးျဖင့္ က်င့္ပေသာ အခမ္းအနားမ်ား၊ ပြဲလမ္းသဘင္မ်ားကို ၂၀၂၀ ျပည့္ႏွစ္ ဧၿပီ (၃၀) ရက္အထိ ခြင့္မျပဳဘဲ ရပ္ဆိုင္းထားေရးကို သက္ဆိုင္ရာဌာနမ်ားသို႔  ညႊန္ၾကားထားေၾကာင္းသိရပါတယ္။

Read More:>>> ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ/ဆရာမမ်ားအဖြဲ႔ခ်ုပ္ အေရးေပၚထုတ္ျပန္ေၾကညာခ်က္

ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနကလည္းႏိုင္ငံေတာ္ သမၼတရံုး၏ ညႊန္ၾကားခ်က္အရ မတ္ (၁၆) ရက္က အေျခခံပညာေက်ာင္းမ်ား၊ ေႏြရာသီသင္တန္းမ်ား၊ ေဟာေျပာေဆြးေႏြးပြဲမ်ား က်င္းပေဆာင္ရြက္ျခင္းမျပဳရန္၊ ဖြင့္လွစ္ဆဲ သင္တန္းမ်ား ပိတ္သိမ္းေရးၾကပ္မတ္ေဆာင္ရြက္ရန္ တိုင္းေဒသႀကီး၊ ျပည္နယ္ပညာေရးမွဴးရုံးမ်ားသို႔ အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္းသိရပါတယ္။

Credit:The Standard Time Daily
 

News Tips Latest Post Read 24462 times