သမ၀ါယမတက္ကသိုလ်ကို တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝင်ခွင့် စတင်လျှောက်ထားနိုင်ပြီ

သမ၀ါယမတက္ကသိုလ်ကို တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝင်ခွင့် စတင်လျှောက်ထားနိုင်ပြီ

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၏ သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း) ကို တက်ရောက်လိုသော ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (ထောက်ခံချက်)၊ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း၊ ရဲစခန်း၊ ရပ်ကွက်ထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံသုံးပုံ၊ ကျန်းမာကြောင်း ထောက်ခံစာတို့နှင့်တကွ ဇူလိုင် ၁၀ ရက်မှ စတင်ပြီး သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း) တွင် လျှောက်လွှာများရယူပြီး သြဂုတ်လ ၃၁ ရက်အထိ လျှောက်ထားနိုင်သည်။

အမှတ်တွေကတော့ မလိုပါဘူး။ ၀င်ခွင့်လျှောက်မယ်ဆိုရင် ဒီမှာ လျှောက်လွှာဝယ်ပြီး လျှောက်ရပါ့မယ်။

READ - ယခုပညာသင်နှစ်တွင် တက္ကသိုလ် (နေ့သင်တန်း) ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော်ကို လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ်သုံးသောင်းပေးအပ်မည်

အမှတ်နဲ့ပတ်သက်ပြီး ဘာမှပြောမထားပါဘူး။ ၀င်ခွင့်ရတဲ့ ကျောင်းသားများကတော့ ပထမနှစ်ကို ဒီတိုင်းတက်ရပါတယ်။ ဒုတိယနှစ်ကျမှပဲ ဘာသာတွဲများကို ခွဲပါတယ်။

သင်တန်းလျှောက်လွှာများကို သက်ဆိုင်ရာ တက္ကသိုလ်/ကောလိပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့နယ်သမ၀ါယမ ဦးစီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမ၀ါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးတို့တွင် ၀ယ်ယူလျှောက်ထားနိုင်ပါသည်။

သမ၀ါယမတက္ကသိုလ်များသို့ ၀င်ခွင့်လျှောက်ထားခဲ့သော်လည်း ၀င်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့်များ ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာထားသည့်နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည် ဖြစ်သည်။

သမ၀ါယမတက္ကသိုလ်၊ ကောလိပ်သို့ တက်ရောက်ခွင့်ရရှိပါက တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်းကို တင်ပြနိုင်မှသာ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 10955 times