ရန္ကုန္တကၠသိုလ္ဘဲြ႔ႏွင္းသဘင္တြင္ အျခားတကၠသိုလ္မ်ားဘဲြ႔ႏွင္းအခမ္းအနား လာေရာက္က်င္းပျခင္းကို ယခုႏွစ္ကစတင္ကာ ကန္႔သတ္လိုက္ၿပီဟု ရန္ကုန္တကၠသုိလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာေသာင္းထိုက္ကေျပာပါတယ္။
ယခင္ကရန္ကုန္တကၠသိုလ္ဘဲြ႔ႏွင္းသဘင္တြင္ အျခားတကၠသိုလ္မ်ားမွ အေဝးသင္၊ Day (ေန႔သင္တန္း)၊ ဒီပလိုမာသင္တန္းမ်ား၏ ဘဲြ႔ႏွင္းအခမ္းအနားမ်ားလက္ခံက်င္းပခဲ့ပါတယ္။
ယခုနွစ္မွစတင္ကာ ဘဲြ႔ႏွင္းအေဆာက္အအံု၊ ခန္းမမ်ားမရွိေသာ တကၠသိုလ္မ်ားသာ ရန္ကုန္တကၠသိုလ္ဘဲြ႔ႏွင္းသဘင္ကိုအသံုးျပဳခြင့္ျပဳမည္ျဖစ္ၿပီး ဘဲြ႔နွင္းအေဆာက္အအံု၊ ခန္းမမ်ားရွိေသာ တကၠသိုလ္မ်ားကို အသံုးျပဳခြင့္မေပးေတာ့ဟု ေဒါက္တာေသာင္းထိုက္ကဆိုသည္။
“ဘဲြ႔ႏွင္းသဘင္အေဆာက္အအံုရွိၿပီးသား တကၠသိုလ္ေတြက ဘဲြ႔အခမ္းအနားေတြကိုလက္မခံဘူးလုိ႔ ဆံုးျဖတ္ထားတာပါ။ မဟုတ္ရင္ေက်ာင္းေတြမွာေဆာက္ေပးထားတဲ့ ဘဲြ႔ႏွင္းအေဆာက္အအံုေတြလည္း အလကားျဖစ္သြားမယ္။ ဒီႏွစ္မွာအေဝးသင္တကၠသိုလ္ေတြကလည္း အရင္လို ရန္ကုန္တကၠသိုလ္ေအာက္ကမဟုတ္ေတာ့ဘဲ သူ႔ေက်ာင္းနဲ႔သူျဖစ္သြားၿပီ။ ဒဂံုတကၠသိုလ္ဆို ဒဂံုတကၠသိုလ္ကပဲဘဲြ႔ေပးေတာ့မွာဆိုေတာ့ ဒီစည္းကမ္းကိုဆဲြလိုက္တာ” ဟု ေဒါက္တာေသာင္းထိုက္ကရွင္းျပပါတယ္။
သို႔ေသာ္ဘဲြ႔ႏွင္းအေဆာက္အအံုမရွိသည့္ တကၠသိုလ္မ်ားက ရန္ကုန္တကၠသိုလ္ဘဲြ႔ႏွင္းသဘင္ အသံုးျပဳခြင့္တင္ျပလာပါက ခြင့္ျပဳမည္ဟု၄င္းကဆိုပါတယ္။
ရန္ကုန္ရွိ ေဆးႏွင့္ေဆးႏႊယ္တကၠသိုလ္အခ်ိဳ႕၊ ရန္ကုန္ပညာေရးတကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ ရန္ကုန္အေဝးသင္တကၠသိုလ္ေအာက္ရွိ ေအာက္ျမန္မာျပည္တကၠသိုလ္မ်ားက ရန္ကုန္တကၠသိုလ္ဘဲြ႔ႏွင္းသဘင္တြင္ ဘဲြ႔ႏွင္းအခမ္းအနားမ်ားက်င္းပေလ့ရွိပါတယ္။
ရန္ကုန္တကၠသိုလ္ကဘဲြ႔ႏွင္းအခမ္းအနားကို တစ္ႏွစ္လွ်င္တစ္ႀကိမ္သာက်င္းပေလ့ရွိၿပီး ရန္ကုန္တကၠသိုလ္ဘဲြ႔ႏွင္းသဘင္တြင္ အျခားတကၠသိုလ္မ်ားဘဲြ႔ႏွင္းအခမ္းအနား လာေရာက္က်င္းပမႈကပိုမ်ားပါတယ္။
ရန္ကုန္အေဝးသင္တကၠသိုလ္တစ္ခုတည္းကပင္ ဘဲြ႔ႏွင္းအခမ္းအနားက်င္းပမႈသည္ (၂) လခန္႔ ၾကာျမင့္တတ္သည္ဟု ေဒါက္တာေသာင္းထိုက္ကဆိုပါတယ္။
ဘဲြ႔ႏွင္းသဘင္အခမ္းအနားမ်ားကို ႏွစ္စဥ္ႏိုဝင္ဘာကစတင္က်င္းပေလ့ရွိပါတယ္။
Read More:>>>> အေဝးသင္ဒုတိယအသုတ္မ်ား၏ စာေမးပြဲရက္မ်ား ေျပာင္းလဲသတ္မွတ္
အေဝးသင္တကၠသိုလ္ဘဲြ႔ႏွင္းအခမ္းအနားကို ရန္ကုန္တကၠသိုလ္ႏွင့္ မႏၱေလးတကၠသိုလ္တို႔တြင္ က်င္းပျခင္းေၾကာင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ခရီးစရိတ္၊ ကုန္က်စရိတ္အခက္အခဲမ်ားရွိ၍ အေဝးသင္သင္တန္းဖြင့္သည့္ တကၠသိုလ္၊ ေကာလိပ္မ်ားတြင္သာ ဘဲြ႔ႏွင္းအခမ္းအနားက်င္းပေပးႏိုင္ရန္ ယခုႏွစ္တြင္စတင္စီစဥ္ေနသည္ဟု အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္းကဆိုပါတယ္။
“ရန္ကုန္တကၠသိုလ္ထဲမွာ ဘဲြ႔ယူခ်င္လို႔ အေဝးသင္ျပန္တက္တာ။ အခုဒဂံုမွာပဲယူရမယ္လို႔ၾကားတယ္” ဟု ဒဂံုတကၠသိုလ္တြင္ အေဝးသင္သင္တန္းတက္ေရာက္ေနသည့္ တတိယႏွစ္ေက်ာင္းသူတစ္ဦးကေျပာပါတယ္။
Source: 7Day Daily
**Unicode**
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် အခြားတက္ကသိုလ်များဘွဲ့နှင်းအခမ်းအနား လာရောက်ကျင်းပခြင်းကို ယခုနှစ်ကစတင်ကာ ကန့်သတ်လိုက်ပြီဟု ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်ကပြောပါတယ်။
ယခင်ကရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် အခြားတက္ကသိုလ်များမှ အဝေးသင်၊ Day (နေ့သင်တန်း)၊ ဒီပလိုမာသင်တန်းများ၏ ဘွဲ့နှင်းအခမ်းအနားများလက်ခံကျင်းပခဲ့ပါတယ်။
ယခုနှစ်မှစတင်ကာ ဘွဲ့နှင်းအဆောက်အအုံ၊ ခန်းမများမရှိသော တက္ကသိုလ်များသာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကိုအသုံးပြုခွင့်ပြုမည်ဖြစ်ပြီး ဘွဲ့နှင်းအဆောက်အအုံ၊ ခန်းမများရှိသော တက္ကသိုလ်များကို အသုံးပြုခွင့်မပေးတော့ဟု ဒေါက်တာသောင်းထိုက်ကဆိုသည်။
“ဘွဲ့နှင်းသဘင်အဆောက်အအုံရှိပြီးသား တက္ကသိုလ်တွေက ဘွဲ့အခမ်းအနားတွေကိုလက်မခံဘူးလို့ ဆုံးဖြတ်ထားတာပါ။ မဟုတ်ရင်ကျောင်းတွေမှာဆောက်ပေးထားတဲ့ ဘွဲ့နှင်းအဆောက်အအုံတွေလည်း အလကားဖြစ်သွားမယ်။ ဒီနှစ်မှာအဝေးသင်တက္ကသိုလ်တွေကလည်း အရင်လို ရန်ကုန်တက္ကသိုလ်အောက်ကမဟုတ်တော့ဘဲ သူ့ကျောင်းနဲ့သူဖြစ်သွားပြီ။ ဒဂုံတက္ကသိုလ်ဆို ဒဂုံတက္ကသိုလ်ကပဲဘွဲ့ပေးတော့မှာဆိုတော့ ဒီစည်းကမ်းကိုဆွဲလိုက်တာ” ဟု ဒေါက်တာသောင်းထိုက်ကရှင်းပြပါတယ်။
သို့သော်ဘွဲ့နှင်းအဆောက်အအုံမရှိသည့် တက္ကသိုလ်များက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် အသုံးပြုခွင့်တင်ပြလာပါက ခွင့်ပြုမည်ဟု၎င်းကဆိုပါတယ်။
ရန်ကုန်ရှိ ဆေးနှင့်ဆေးနွှယ်တက္ကသိုလ်အချို့၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်အောက်ရှိ အောက်မြန်မာပြည်တက္ကသိုလ်များက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် ဘွဲ့နှင်းအခမ်းအနားများကျင်းပလေ့ရှိပါတယ်။
ရန်ကုန်တက္ကသိုလ်ကဘွဲ့နှင်းအခမ်းအနားကို တစ်နှစ်လျှင်တစ်ကြိမ်သာကျင်းပလေ့ရှိပြီး ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် အခြားတက္ကသိုလ်များဘွဲ့နှင်းအခမ်းအနား လာရောက်ကျင်းပမှုကပိုများပါတယ်။
ရန်ကုန်အဝေးသင်တက္ကသိုလ်တစ်ခုတည်းကပင် ဘွဲ့နှင်းအခမ်းအနားကျင်းပမှုသည် (၂) လခန့် ကြာမြင့်တတ်သည်ဟု ဒေါက်တာသောင်းထိုက်ကဆိုပါတယ်။
ဘွဲ့နှင်းသဘင်အခမ်းအနားများကို နှစ်စဉ်နိုဝင်ဘာကစတင်ကျင်းပလေ့ရှိပါတယ်။
Read More:>>>> အဝေးသင်ဒုတိယအသုတ်များ၏ စာမေးပွဲရက်များ ပြောင်းလဲသတ်မှတ်
အဝေးသင်တက္ကသိုလ်ဘွဲ့နှင်းအခမ်းအနားကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ကျင်းပခြင်းကြောင်း ကျောင်းသား၊ ကျောင်းသူများအတွက် ခရီးစရိတ်၊ ကုန်ကျစရိတ်အခက်အခဲများရှိ၍ အဝေးသင်သင်တန်းဖွင့်သည့် တက္ကသိုလ်၊ ကောလိပ်များတွင်သာ ဘွဲ့နှင်းအခမ်းအနားကျင်းပပေးနိုင်ရန် ယခုနှစ်တွင်စတင်စီစဉ်နေသည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကဆိုပါတယ်။
“ရန်ကုန်တက္ကသိုလ်ထဲမှာ ဘွဲ့ယူချင်လို့ အဝေးသင်ပြန်တက်တာ။ အခုဒဂုံမှာပဲယူရမယ်လို့ကြားတယ်” ဟု ဒဂုံတက္ကသိုလ်တွင် အဝေးသင်သင်တန်းတက်ရောက်နေသည့် တတိယနှစ်ကျောင်းသူတစ်ဦးကပြောပါတယ်။
Source: 7Day Daily