လုပ်ငန်းခွင်နယ်ပယ်မှာ အလုပ်အကိုင်ခေါ်ယူမှုအများဆုံးနဲ့ လူငယ်များရဲ့စိတ်ဝင်စားမှုခံရဆုံး နောက်ထပ်ကဏ္ဍတစ်ခုကတော့ Marketing Industry ပဲဖြစ်ပါတယ်။ Marketing Industry ဟာဆိုရင် အင်မတန်ကျယ်ပြန့်လှပြီး ခုခေတ်ချိန်ခါမှာ Digital Marketing ကလည်းရေပန်းစားလျက်ရှိပါတယ်။ Marketing Industry မှာ လူငယ်များအတွက် အခွင့်အလမ်းတွေများစွာရှိနေတာကြောင့် Marketing Industry နဲ့ပတ်သက်ပြီး အကြံဥာဏ်နဲ့လမ်းညွှန်မှုများရစေမယ့်❝Confidence in Education to Get a Job and Career Seminar & Fair❞ ကို သြဂုတ်လ(၁၀)ရက်နေ့တွင် UMFCCI မှာကျင်းပပေးသွားတော့မှာဖြစ်ပါတယ်။
မြန်မာ့ပညာရေးလမ်းညွှန်(EDGE) ကကြီးမှူးကျင်းပမယ့် ❝Confidence in Education to Get a Job and Career Seminar & Fair❞ မှာ Marketing Industry အတွက် ဆရာဦးမြင့်ဇော်နဲ့ ဆရာမဒေါ်လင်းလင်းတင်ထွန်းတို့မှ ဟောပြောပေးသွားမှာပါ။
Read More>>> ❝Confidence in Education to Get a Job and Career Seminar & Fair❞ မှာ Manufacturing Industry အတွက်ဟောပြောမည့်သူများ
ဦးမြင့်ဇော်ကတော့ လုပ်ငန်းများစွာမှာလုပ်ကိုင်ဖူးပြီး အတွေ့အကြုံကောင်းများစွာကိုရရှိထားခဲ့သူပဲဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ ကြော်ငြာ၊ အနာဂတ်စားသောက်ကုန်ဈေးကွက်၊ ဖျော်ရည်နှင့်ယမကာတို့အပြင် သတင်းအချက်လက်နဲ့ဆက်သွယ်ရေးနယ်ပယ်တို့၌သာမက ပညာရေးနယ်ပယ်တွင်လည်း စုစုပေါင်း ၂၃ နှစ်တာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိတွင် ဧရာဝတီဘဏ်ရဲ့ MD အဖြစ် တာဝန်ယူလုပ်ကိုင်နေပါတယ်။
ဒေါ်လင်းလင်းတင်ထွန်းကတော့ ၂၀၀၄ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Mango Advertising Myanmar Group ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သလို ၁၅ နှစ်တာကာလပတ်လုံး Agency Head အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်တာကြောင့် ပြည်တွင်းဈေးကွက်ရှာဖွေခြင်းအတွက် အတွေ့အကြုံကောင်းတော်တော်များများကို ပိုင်ဆိုင်ထားခဲ့သူပဲဖြစ်ပါတယ်။ Mango Myanmar Group မတိုင်ခင်ကလည်း သူမအနေနဲ့ မြန်မာနိုင်ငံနဲ့လာအိုနိုင်ငံတို့ရဲ့ Unilever ကုမ္ပဏီမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမန်နေဂျာအဖြစ် ၇ နှစ်တာ လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ Unilever မှာ တော့ Distribution ၊ Trade Marketing နဲ့ Branding and Communication တို့အတွက် country operation ပိုင်းကို စီမံဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
Read More>>> ❝Confidence in Education to Get a Job and Career Seminar & Fair❞အချိန်ဇယားနှင့် ဟောပြောမည့်သူများ
Marketing Industry နဲ့ပတ်သက်တဲ့သိလိုသမျှကို Comment မှာမေးထားနိုင်ပြီး ထိုမေးခွန်းများရဲ့အဖြေကို ဟောပြောပွဲမှာ ထည့်သွင်းဖြေကြားပေးသွားမှာဖြစ်သလို EDGE ပရိသတ်များအတွက် ယခုပေ့ခ်ျမှဗ်ီဒီယိုမှတ်တမ်းများပြန်လည်တင်ဆက်ပေးသွားမှာဖြစ်လို့ အနယ်နယ်အရပ်ရပ်မှ Marketing ပိုင်းကိုစိတ်ဝင်စားလုပ်ကိုင်နေသူအားလုံး မေးခွန်းများကို အခုပဲမန့်ခဲ့လိုက်တော့နော်။
===================
Read More>>> ❝Confidence in Education to Get a Job and Career Seminar & Fair❞ မှာ IT Industry အတွက်ဟောပြောမည့်သူများ
အောက်ကလင့်ခ်လေးကိုဝင်ပြီး Going နှိပ်ထားမယ်ဆိုရင် ပွဲအစီအစဉ်အသေးစိတ်တွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။
EDGE Event: https://www.facebook.com/events/481473212629067/
EDGE Website: https://www.edge.com.mm/
Registration လုပ်ချင်တယ်ဆိုရင်တော့… https://www.edge.com.mm/edgeevent/registration.php မှာသွားရောက်ပြီး Registration လုပ်နိုင်မှာဖြစ်ပါတယ်။
#ConfidenceInEducation
#MyanmarEducationDirectory
#EDGE_Seminar
#Marketing_Industry