တက္ကသိုလ်ဝင်တန်းရမှတ် ၃၅၀ နှင့် ၄၀၀ အကြား ရရှိသော ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာတက္ကသိုလ်များသို့ လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းရမှတ် ၃၅၀ နှင့် ၄၀၀ အကြား ရရှိသော ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာတက္ကသိုလ်များသို့ လျှောက်ထားနိုင်

ကွန်ပျူတာတက္ကသိုလ်များအနေဖြင့် ၀င်ခွင့်ပေးရာတွင် ကျား/မ အချိုး ခွဲခြားထားခြင်းမရှိဘဲ တက္ကသိုလ်ဝင်တန်းရမှတ်ဖြင့်သာ ၀င်ခွင့်ပေးသွားမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးအသီးသီးမှ အောင်မြင်သော သူများ အားလုံး လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှာ တက်ချင်တယ်ဆိုရင်တော့ တောင်ကြီးကွန်ပျူတာတက္ကသိုလ်ကို ပထမဦးစီးပေးနေရာကနေ လျှောက်ထားရမှာပါ။ မနှစ်ကအထိ ကွန်ပျူတာတက္ကသိုလ်တွေရဲ့ အမှတ်တွေက အခုသတ်မှတ်တဲ့အမှတ်ထက် ပိုမြင့်ပါတယ်။ အခုအမှတ်ကို တရားသေသတ်မှတ်ပြီး ခေါ်တာထက် အခွင့်အလမ်းပိုများအောင် အမှတ် ၃၅၀ နှင့် ၄၀၀ အကြား ၃၆၀ လောက် ရှိပြီဆိုရင် လျှောက်လို့ရအောင် လုပ်ပေးထားပါတယ်။

READ - အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပထမနှစ်ဝင်ခွင့်လျှောက်လွှာတွေ ခေါ်ယူနေ

ကွန်ပျူတာတက္ကသိုလ်များတွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများကို သင်ကြားပို့ချမည်ဖြစ်ပြီး B.C.Sc/B.C.Tech ဘွဲ့ရရှိကာ ထူးချွန်စွာအောင်မြင်ပါက သတ်မှတ်ထားသော တက္ကသိုလ်များတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအထိ အဆင့်ဆင့်တက်နိုင်မည်ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်များသို့ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတက်ရောက်လိုသော ကွန်ပျူတာတက္ကသိုလ် အမည်နှင့် မြို့အမည်များကို အစဉ်လိုက်ရေးသား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်တစ်ခုဖြစ်သည့် မန္တလေးကွန်ပျူတာ တက္ကသိုလ်သည် ယခင်နှစ်အတိုင်း တက္ကသိုလ်ဝင်တန်းရမှတ် ၄၂၀ နှင့်အထက် ရရှိသူများအား ၀င်ခွင့်ပေးမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ပျူတာတက္ကသိုလ် ၂၅ ခု ရှိပြီး ကျောင်းသား၊ ကျောင်းသူ သုံးသောင်းကျော် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 50554 times